အချိန်ပေါင်းများစွာ လွမ်းမောတမ်းတခဲ့ရတဲ့ နှုတ်ခမ်းပါးလေးထက်ကို အတန်ကြာ စုပ်ယူနမ်းရှိုက်မိသည်။ ခါးလေးကို တင်းကြပ်စွာ ဖက်တွယ်ထားရင်း နီးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုကို စတစ်ကာလေးလို ကပ်ထားလိုက်ပြီး အနမ်းများကို နယ်ချဲ့လိုက်သည်။ သူ့လည်ပင်းကို ကုတ်တွယ်ထားတဲ့ သိုးပေါက်လေးကတော့ သူ့ဘက်က စပြီးနမ်းတယ်ဆိုပေမယ့် သူကပဲ ပြန်ပြီး ဦးဆောင်ခံလိုက်ရပါသည်။ နှုတ်ခမ်းနှစ်လွှာလုံး လီယုံချင်းရဲ့ စိုစွတ်တဲ့လျှာပေါ်မှာ သိမ်းပိုက်ခံလိုက်ရပြီး ပူထူလာသည်အထိ အနမ်းများကို ဆန့်တန်းမိတော့ ခန္ဓာကိုယ်ထဲက တောင်းဆိုလာမှုတွေက ပြင်းထန်လာပုံရသည်။ တစ်ကိုယ်လုံး သွေးအပူတွေစီးဆင်းသွားသလို ပူးကပ်နေတဲ့ ခန္ဓာက ခွာမရတော့။
"လီ..လီယုံချင်း..."
အသက်ရှုရန် ခဏဖယ်လိုက်တဲ့ နှုတ်ခမ်းတွေနဲ့အတူ တိုးလျစွာပဲပြောလိုက်တဲ့ စကားသံလေးနောက်မှာ လေပူတွေက လီယုံချင်း နှုတ်ခမ်းတွေဆီ ရိုက်ခတ်သွားသည်။ လှိုင်းထနေတဲ့ မျက်ဝန်းအိမ်တွေနဲ့ သူ့ကိုကြည့်နေတဲ့ သိုးပေါက်လေးက အရမ်းစိတ်လှုပ်ရှားနေပုံပါပဲ။ နားထင်ထောင့်နားလေးမှာ ပေကပ်နေတဲ့ ချွေးစလေးတွေကို ညင်သာစွာ သုတ်ပေးလိုက်ပြီး သူ့ရဲ့ မျက်ဝန်းညိုတွေနဲ့ ပြန်ကြည့်လိုက်သည်။
နှစ်ယောက်ကြားက တိတ်ဆိတ်မှုက ဘာစကားမှမပြောပဲ အကြည့်ချင်းဖလှယ်နေပြီးနောက်မှာတော့ တစ်ဖန်ကျရောက်လာပြန်တဲ့ နှုတ်ခမ်းစိုစိုတွေ။ သူ့ရဲ့ စိုအိအိလျှာဖျားနဲ့ သိုးပေါက်လေးရဲ့ နှုတ်ခမ်းပါးတွေကို ပွတ်သပ်နေပုံက ကြောင်ပေါက်လေးက သူ့သခင်ကို တွယ်တာနေသလို။ ခါးကိုဖက်ထားတဲ့လက်တွေက တဖြည်းဖြည်းလျှောဆင်းလာပြီး Yang ဘောင်းဘီနားကိုရောက်လာကာ အုပ်မိုးလိုက်တာကြောင့် ကိုယ်လေးတွန့်သွားတဲ့ကောင်လေးက သူ့စိတ်လှုပ်ရှားမှုတွေ အရှိန်တက်သွားပုံပါပဲ။ လည်ပင်းကို ကုတ်တွယ်ထားတဲ့ လက်တွေက ပိုအားပြင်းလာသည်။
သူ့နှုတ်ခမ်းကို ကြောင်လေးတစ်ကောင်လို လျက်နေတဲ့ လီယုံချင်းလျှာဖျားကို ပါးစပ်ထဲထည့်ကာ စုပ်ယူလိုက်တော့ သူ့အောက်ပိုင်းကို အုပ်မိုးထားတဲ့ လီယုံချင်းလက်က ပိုအားပြင်းလာသည်။ စိုအိတဲ့ လျှာဖျားလေးကို စိတ်ကြိုက်စုပ်ယူနေပြီး လီယုံချင်းရဲ့ သူ့အပေါ်တင်ထားတဲ့ လက်တွေကို စိတ်ကြိုက်ခြယ်လှယ်စေလိုက်သည်။
YOU ARE READING
Don't say No!
Fanfiction"မချစ်ဘူးလို့ မငြင်းချင်စမ်းပါနဲ့ ကောကောရယ်.. ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောကောရဲ့ မျက်နှာထားလေးနဲ့ ထိန်းမရအောင် ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေက ဒီလောက်သိသာနေတာတောင် မချစ်ဘူးလို့ ငြင်းချင်သေးတာလား" "မချစ်ဘူး Li Yongqin ငါမင်းကို မချစ်ဘူး..ငါက တစ်မိုးအော...