Ch-24

181 17 30
                                    

မျက်ရည်ကြည်တွေရစ်သိုင်းနေရင်းနဲ့ပဲ လီယုံချင်းနေတဲ့ ဟိုတယ်ကနေ နာကျည်းစွာထွက်ခွာခဲ့လိုက်သည်။ မမြင်ချင်တဲ့ မြင်ကွင်းက မျက်စိရှေ့ရောက်လာတဲ့အပြင် မကြားချင်တဲ့ ချိုအီအီစကားသံတွေနဲ့ လီယုံချင်းကို မြူဆွယ်နေတာမျိုးတွေက ခေါင်းထဲမှာ ပုံရိပ်ယောင်တွေလို ပြေးလွှားလျက် သူ့ရဲ့နာကျင်မှုကို ကျီစယ်နေသလိုပင်။

လမ်းချိုးတစ်နေရာထဲကွေ့ဝင်သွားလိုက်ပြီး ခြေလှမ်းများကို ခေတ္တရပ်ကာ လူရှင်းတဲ့လမ်းကြားလေးထဲ ညစ်ညမ်းညမ်းနံရံကိုမှီကာ ကောင်းကင်ကို မမြင်ရတဲ့ အမိုးပေါ်ကြီးကို မော့ကြည့်နေလိုက်သည်။ ယောင်္ကျားလေးဖြစ်ပြီး တစ်ခါမှ မငိုဖူးပေမယ့် ဝဲတက်လာတဲ့ မျက်ရည်တွေက မျက်ဝန်းအိမ်ထဲမှာ ပြည့်နှက်လာလို့ ခေါင်းမော့ကာ ပါးပြင်ထက်မကျလာအောင် တင်းခံထားမိသည်။ သူ့ဘဝမှာ အမေဖြစ်သူကို ဆုံးရှုံးရတုန်းက တစ်ခါပဲ ငိုခဲ့ဖူးတာဖြစ်ပြီး အခုလို ထပ်ပြီး ငိုချင်လာအောင်ထိ နာကျင်ရတာက ဒုတိယအကြိမ်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ကြည်ကြည်ဖြူဖြူ ပေးအပ်ခဲ့ပြီးတာတောင်မှ နောက်တစ်ယောက်က ကြားဝင်လာတာကို ဘယ်လိုမှ လက်ခံယုံကြည်လို့မရခဲ့။ သံသယတွေနဲ့ စတင်ခဲ့တဲ့ ဆက်ဆံရေးတစ်ခုက နောက်ထပ်ကြားလူတစ်ယောက်ဝင်လာတော့ ဖြည်လို့မရတဲ့ ချည်လုံးလေးလို ပို၍ရှုပ်ထွေးလာဖို့သာရှိတော့သည်။

"Yang ge..?"

နားနားကို တိုးဝင်လာတဲ့ အသံနုနုလေးကြောင့် ဘေးဘီကိုကြည့်လိုက်တော့ သူ့ဘေးကို လျှောက်လာတဲ့ Renjun ကို တွေ့လိုက်ရသည်။ မျက်ဝန်းထောင့်မှာ ပေကပ်နေတဲ့ မျက်ရည်စလေးကို ပုတ်ခတ်ထုတ်လိုက်ပြီး ရွမ်ကျွင့်ကို ချိုသာစွာ ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

"အာ...ရွမ်ကျွင့်.."

"ကော ဒီမှာ ဘာလုပ်နေတာလဲ"

စတွေ့တုန်းကလို စီနီယာလို့ သူစိမ်းဆန်ဆန်မခေါ်တော့ပဲ ကောဟုသာ တရင်းတနှီးခေါ်နေတဲ့ ရွမ်ကျွင့်က လူကောင်သေးသေးလေးမို့ ငုံ့ကြည့်မိရာက သူ့ကို စိုးရိမ်တကြီး ပြန်မော့ကြည့်နေတာကို တွေ့လိုက်ရသည်။

Don't say No!Where stories live. Discover now