Ch-26

152 18 0
                                    

အဆောင်ကိုပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ပြေးခဲ့တဲ့ ခြေထောက်တွေက ကိုက်ခဲနာကျင်နေပြီး မျက်ရည်တွေကြောင့် အမြင်တွေ ဝေဝါးနေသည်။ မြင်မြင်သမျှ မြင်ကွင်းတိုင်းက ဝိုးတဝါးမို့ မျက်နှာသစ်ပြီး မျက်ရည်တွေကို ရေတွေနဲ့အတူ ဆေးကြောစေလိုက်သည်။

မနက်စာကလွဲပြီး ဘာမှမစားရသေးတဲ့အပြင် ပြေးလာရလို့ နုံးချိသလိုဖြစ်နေပြီး စိတ်ခံစားချက်တွေကြောင့် ရင်ဘတ်တွေလည်း အောင့်နေသည်။ စိတ်ထောင်းကိုယ်ကြေဆိုသလို ခန္ဓာကိုယ်က ပျော့ခွေချင်နေတာမို့ မျက်နှာသစ်ပြီး ကုတင်ပေါ် လဲနေလိုက်သည်။

အိတ်ကပ်ထဲကဖုန်းက မြည်နေတာကြောင့် ယူကိုင်လိုက်တော့ ရှောင်ကျွင့်က ခေါ်နေခြင်းဖြစ်သည်။ မကိုင်ချင်ပေမယ့် စိတ်ပူလို့ဆက်မှန်းသိတာကြောင့် အားဖျော့တဲ့အသံနဲ့ပဲ ဖုန်းကိုဖြေလိုက်သည်။

"Yang Yang မင်းဘယ်ရောက်သွားတာလဲ"

"အဆောင်ပြန်သွားတာ"

"ဘာမှလည်းမစားဘူး အဆောင်ပြန်သွားတယ်..??"

"အင်း.."

"နေမကောင်းဘူးလား အသံက.."

"အင်း.. ဖုန်းချလိုက်တော့မယ်"

ရှောင်ကျွင့်စိတ်ပူနေမှန်းသိသော်လည်း ဒီအချိန်မှာ ဘယ်သူနဲ့မှ စကားပြောချင်စိတ်မရှိသလို စကားပြောနိုင်ဖို့အထိ အားမရှိတော့တာကြောင့် မျက်လုံးတွေကို စုံမှိတ်ပြီး ခေတ္တအနားယူမိသည်။

မျက်လုံးမှိတ်ထားတာတောင် မျက်ဝန်းထောင့်ကနေ စီးကျဖြစ်အောင် ကျသွားသေးတဲ့ မျက်ရည်ကို စိတ်တိုတိုနဲ့ပဲ အပြစ်ဆိုမိပြန်သည်။ လက်ခုံနဲ့ ဖိသုတ်လိုက်ပြီး အနားယူဖို့ လိုအပ်နေတဲ့ ခန္ဓာကိုယ်ကို တရေးတမောအိပ်စက်ရန်ပြင်လိုက်သည်။

ထိုအချိန် တံခါးခေါက်သံကြားလို့ မအိပ်စက်နိုင်သေးပဲ မျက်ခွံတွေကို ဖွင့်ကြည့်ရသည်။

"Kun ge လား...?"

တစ်ဘက်အခန်းက Kun များလားဆိုပြီး မေးလိုက်ပေမယ့် အဖြေက ပြန်မလာခဲ့။

"ရှောင်ကျွင့်လား"

သူ့အမေးကို မဖြေပဲ တိတ်ဆိတ်နေပြန်သည်။ လျစ်လျူရှုလိုက်ပြီး ပြန်အိပ်ဖို့ပြင်တော့ ထပ်ခေါက်လာတဲ့ တံခါးသံကြောင့် စုပ်တစ်ချက်သပ်ကာ ကုတင်မှ ထထိုင်လိုက်သည်။

Don't say No!Where stories live. Discover now