မျက်ဝန်းရှည်ရှည်တွေနဲ့ ထိုလူက ကျွန်တော့်ကို စူးစူးဝါးဝါးကြည့်နေသည်။
အရပ်အတော်အသင့်ရှည်ပြီး ခန္ဓာကိုယ်ထွားကျိုင်းသော ထိုလူကြီးက သူ့အရှေ့က ကျွန်တော့်ကို သားကောင်တစ်ကောင်လိုကြည့်နေသည်မှာ ကျောချမ်းစရာကောင်းလှသည်။
သူ့ရုပ်ကိုသေချာစူးစိုက်ကြည့်မိတော့မှ စောနက Li Yongqin ဧည့်ခန်းထဲက စားပွဲပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံထဲက တစ်ယောက်နှင့် ခပ်ဆင်ဆင်တူနေတာကို သတိထားမိလိုက်သည်။
"အာ...ဘယ်သူလဲဗျ...Li Yongqin အခန်းထဲက ထွက်လာတာ ထူးဆန်းနေလို့လား Bro"
သူ့မျက်နှာကို စေ့စိုက်ကြည့်ပြီး အသံကို တည်ကြည်စွာထား၍ အရဲစွန့်မေးလိုက်သည်။
အပြစ်မလုပ်ထားတဲ့ ကျွန်တော့်အတွက် ဘာကိုမှ ကြောက်နေစရာမလို။ Li Yongqin ဆီကို လာတာကလည်း ပြစ်မှုမြောက်တာ မဟုတ်တဲ့အတွက်ကြောင့်။
ထိုအချိန် ကျွန်တော့်အနောက်က တံခါးဖွင့်သံကိုကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အဲ့လူကြီးက ကျွန်တော့်အမေးကို ဂရုမစိုက်ပဲ ကျွန်တော့်ကိုကျော်ပြီး Li Yongqin ဆီ ဖြတ်သွားသည်။
ကျယ်ပြန်တဲ့ စင်္ကြံလမ်းပေါ်တွင်လည်း ကျွန်တော့် ပုခုံးကိုလည်း ရအောင်တိုက်သွားသေး။
Li Yongqin က အထဲကနေ ကျွန်တော့် အသံကို ကြားပြီး တံခါးဖွင့်ကြည့်ပုံရသည်။ ထိုလူကို မြင်တော့ သူ့မျက်နှာမှာ အမည်မဖော်နိုင်တဲ့ ဒေါသရိပ်များ သန်းနေသည်။
Li Yongqin ဆွဲဖွင့်လိုက်တဲ့ တံခါးဘောင်ကို ကိုင်ကာ ထိုလူကြီးက ပြောလိုက်သည်။
"အခုထိ ငါ့ကို ရှောင်ဖို့ ကြိုးစားနေတုန်းလား"
Li Yongqin က ဘာစကားတစ်ခွန်းမှ မပြောပဲ ထိုလူကိုသာ အမျက်ဒေါသအပြည့်နှင့်ကြည့်နေသည်။
"ပြောလေ.."
စကားပြန်မလာတဲ့ Li Yongqin လက်ကို ဆွဲရမ်းလိုက်ပြီး ထပ်မေးသည်။
"ဘာလို့ ငါဖုန်းခေါ်တာကို မကိုင်တာလဲ"
"အကြောင်းပြချက်လိုသေးလို့လား"
YOU ARE READING
Don't say No!
Fanfiction"မချစ်ဘူးလို့ မငြင်းချင်စမ်းပါနဲ့ ကောကောရယ်.. ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောကောရဲ့ မျက်နှာထားလေးနဲ့ ထိန်းမရအောင် ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေက ဒီလောက်သိသာနေတာတောင် မချစ်ဘူးလို့ ငြင်းချင်သေးတာလား" "မချစ်ဘူး Li Yongqin ငါမင်းကို မချစ်ဘူး..ငါက တစ်မိုးအော...