အလျင်နှင့်မောင်းနှင်လာသော သူတို့ဆိုင်ကယ်နောက် ရဲ လိုက်လာကြောင့် နောက်ခုံမှ Yang Yang တစ်ယောက်လန့်နေရသည်။
"Li Yongqin ဖြည်းဖြည်း ဖြည်းဖြည်း"
"အရှေ့ကဆိုင်ကယ် အခုချက်ချင်းရပ်လိုက်ပါ"
ဝီစီမှုတ်ကာအနောက်မှလိုက်လာသောရဲကအော်ပြောနေသော်လည်းအရှေ့မှ Li Yongqin ကတော့ မမှုပဲ အသားကုန်အရှိန်တင်၍မောင်းနေသောကြောင့် Yang တစ်ယောက် ကြားထဲတွင် နောက်လှည့်ကြည့်လိုက် အရှေ့ပြန်ကြည့်လိုက်နှင့် ချွေးစီးချွေးပေါက်များပင် ကျလာသည်။
"သေချာကိုင်ထား"
အေးဆေးသော လေသံဖြင့် ခေါင်းငဲ့ကြည့်ကာပြောလိုက်သည်။
"မင်း..မင်းဘာလုပ်မလို့လဲ"
Li Yongqin ခါးကိုတင်းကြပ်စွာဖက်ထားကာ မေးလိုက်သော်လည်း စကားပြန်မရ။
လွန်ခဲ့သော မိနစ် ၃၀ က
"ခဏလေး ငါစားလို့မပြီးသေးလို့"
"ရပါတယ် အလျင်မလိုဘူး အေးဆေးစား"
"ငါကအားနာလို့ပါ"
အကင်များပြီးအောင်စားပြီး Li Yongqin ပစ်ပေးသောဆိုင်ကယ်ဦးထုပ်ကို ယူလိုက်သည်။
"မင်းကရော"
"ငါ့မှာတစ်ခုပဲရှိတာ"
Li Yongqin အနောက်မှ ခွထိုင်ပြီး ဦးထုပ်ဆောင်းကာ ဆက်မေးသည်။
"ဒါဆို ငါပဲဆောင်းရမှာလား မင်းမဆောင်းဘူးလား"
"အင်း ဘာဖြစ်လို့လဲ"
"မင်းဆောင်းမှရမှာပေါ့"
"မင်းဆောင်းပါ"
"မင်းပဲဆောင်းပါ"
"ရန်ဖြစ်မနေနဲ့တော့ ငါပဲဆောင်းတော့မယ် ပေး ဦးထုပ်"
ဘေးမှကြည့်နေသော Xiao Jun က အကင်များ ပလုပ်ပလောင်းစားရင်း ပြောလိုက်မှ နှစ်ယောက်သား ငြိမ်သွားကြသည်။
Yang နဲ့ Li Yongqin တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ခဏကြာသောအခါ
"ဒါဆို Yang Yang သူငယ်ချင်း ယူထားလိုက်တော့ ငါတို့သွားတော့မယ် မင်းစီးချင်ရင် နောက်တစ်ခေါက် ကြုံရင် ငါလိုက်ပို့မယ်"
YOU ARE READING
Don't say No!
Fanfiction"မချစ်ဘူးလို့ မငြင်းချင်စမ်းပါနဲ့ ကောကောရယ်.. ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောကောရဲ့ မျက်နှာထားလေးနဲ့ ထိန်းမရအောင် ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေက ဒီလောက်သိသာနေတာတောင် မချစ်ဘူးလို့ ငြင်းချင်သေးတာလား" "မချစ်ဘူး Li Yongqin ငါမင်းကို မချစ်ဘူး..ငါက တစ်မိုးအော...