အလုပ်များတဲ့ နေ့တစ်နေ့ကို ကျော်ဖြတ်ပြီး စိတ်ပြေလက်ပျောက် ဘားတစ်ခုသို့ မင်းခန့်ပိုင် သွားခဲ့သည်။ Life go on ဆိုသည့် ဘားကလေးသည် လူတအားမများဘဲ ငြိမ်ငြိမ်ကလေးနှင့် ထိုင်ကောင်းသည်။ VIP room လည်းရှိ၍ တစ်ခါတစ်ရံ လူငယ်တွေနဲ့ဆို meeting ပါ ထိုင်လို့ရသည်။ ဒီနေ့လည်း
ေဘာ်ဒါ၂ယောက်နှင့် ချိန်းထားလိုက်သည်။ဘားရောက်မှ ဟို၂ကောင်က မလာတော့ဘူးလုပ်သွား၍ တစ်ယောက်တည်း စိတ်ညစ်ညစ်ဖြင့် voldka တွေ ထိုင်သောက်နေမိသည်။ ထိုစဉ် မျက်စောင်းထိုး ဝိုင်းတွင် လူငယ်တစ်စု ထိုင်သောက်နေကြသည်ထဲက ကောင်မလေးတစ်ယောက်ကို သဘောကျ၍ ကြည့်နေမိသည်။ အနီရောင် ပိုးဂါဝန်အောက်က မပေါ်တပေါ်ဖြစ်နေသည့် ရင်ညွှန့်ဖြူဖြူလေးတွေကို ထိတွေ့ချင်လာသည်။
သို့သော်လည်း မဖြစ်နိုင်သည့် အတွေးကို အတွေးအတိုင်းသာ ထား၍ သောက်စရာရှိသည်ကိုသာ ဆက်သောက်နေလိုက်သည်။ တစ်အောင့်နေကျတော့ ရိပ်ခနဲ ရိပ်ခနဲ ဖြစ်လာသည်နှင့် ကားပါကင်သို့ ဆင်းလာခဲ့ငည်။
ကားထဲသို့ ဝင်ခါနီး "နင်တို့ ဘာလုပ်တာလဲ ငါမလိုက်ဘူး လို့ ပြောနေတယ်လေ " ဆိုသည့် အသံကြားလိုက်သည်။ ထိုကြောင့် မဝင်သေးဘဲ အသံလာရာကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဪ စောစောက ကောင်မလေးပါလား လို့ တွေးမိပြီး အခြေအနေကို စောင့်ကြည့်လိုက်တော့ ချာတိတ်၂ကောင်က အတင်းတစ်နေရာကို ခေါ်နေတဲ့ ပုံပဲ။ ကောင်မလေးကလည်း ငြင်းသာငြင်းနေပေမဲ့ တော်တော်တော့ မူးနေပြီ။
ငါနဲ့မဆိုင်ပါဘူးလို့ တွေးပြီး သွားဖို့ ပြင်လိုက်ချိန်မှာပဲ ချာတိတ်တစ်ကောင်က ကောင်မလေးကို ချုပ်ပြီး "စောက်ကောင်မက မေ့ကိုမမေ့နိုင်ဘူး ဟေ့ကောင် မင်းဆေးက တကယ်ကော စွမ်းရဲ့လား" လို့ကြားမှ ဟို၂ကောင် ယုတ်မာေနတာကို သိသွားသည်။
ဒါနဲ့ပဲ ဝင်ပါဖို့ ဆုံးဖြတ်လိုက်ရတယ်။
မင်းခန့်ပိုင် ။ ။ ဟို၂ကောင်၊ မင်းတို့
ဒါ ရာဇဝတ်မှု မြောက်တယ်နော်။ချာတိတ် ။ ။ ရာဇဝတ်မှု မြှောက်တာ၊ မမြှောက်တာ ခင်ဗျားအပူလား။ သွားစမ်းပါကွာ။
မင်းခန့်ပိုင် ။ ။ မင်းတို့ကွာ ကိုယ့်အရည်အချင်းနဲ့ ကောင်မလေးတစ်ယောက်တောင် မရနိုင်ဘူးလား။ လီးသရမ်းချင်ရင်လည်း ဖာတန်းသွားပေါ့။ ဒါမုဒိန်းမှုနော်။
ချာတိတ်၂ကောင် ။ ။ ဒီကောင် လျှာရှည်လိုက်တာ ဟေ့ကောင် မင်း ဒီကောင်မကို ကိုင်ထားလိုက် ငါဒီကောင့်ပါးစပ်ပိတ်လိုက်မယ်။
မင်းခန့်ပိုင်နဲ့ ချာတိတ်၁ကောင် ထိုးကျ။ မင်းခန့်ပိုင် နိုင်သွားသော်လည်း မျက်နာနှင့် ကျော်ပြင်တွေ ဒဏ်ရာများ ရသွား။ ချာတိတ်၂ကောင် ထွက်ပြေး။
ကဲကဲ စာရှည်လာပြီမို့ နောက်၁ပိုင်း လုပ်လိုက်တယ်နော်။
![](https://img.wattpad.com/cover/291293590-288-k672944.jpg)
YOU ARE READING
အိပ်မက်တို့ အလွန်
Fantastikငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။