မင်းခန့်ပိုင် POV :
အခြေအနေတွေကို ဘယ်လို ပြန်ပြောင်းရမလဲ
သူ့အတွက် ငါက Rapist တယောက်ပဲပေါ့။
ငါ လူတယောက်ကို သေချာချစ်ချင်တယ်။ ငါ နာကျင်စေခဲ့တာတာတွေအတွက် ငါတာဝန်ယူရမယ်။
--------
Next morning:
ရတီဦး ဖုန်းသံမြည်လာသည်။
-------
သက်သာပြီလား
အင်း ဒီအချိန်ကြီးဘယ်သူလဲ
ကိုယ်၊ မင်းခန့်ပိုင်
အင်း နည်းနည်းသက်သာပြီ
ကိုယ်လာခဲ့လို့ရမလား
ဘာကိစ္စလဲ
မင်းအဆင်မပြေဘူးမလား၊ ခဏ လာကြည့်ရုံပါ။
(ရတီဦးစိတ်ထဲ သိပ်တော့ မကြည်ဖြူချင်၊ ဒါပေမဲ့ မသက်သာသေးတာမို့ လက်ခံလိုက်တယ်)
--------
အိပ်ခန်း တံခါးခေါက်သံ
ဒေါက်ဒေါက်ဒေါက်
ဝင်လာမယ်နော်
အင်း
ရတီဦး အိပ်ရာစောင်းတွင် ပိုးသားညအိပ် ဝတ်စုံဖြင့်ထိုင်နေသည်။
မျက်နှာ ဖျော့နေတုန်းပဲ
------
ဘယ်လိုနေသေးလဲဗိုက်နာတာတော့ သက်သာပြီ၊ ခေါင်းသိပ်မကြည်ချင်သလိုပဲ
ကိုယ် အဖျားစမ်းကြည့်လို့ရလား
.........အင်း
(နဖူးပေါ် လက်တင်လိုက်တော့ ခပ်နွေးနွေး ရှိနေသည်။)
အဖျားနည်းနည်း ရှိချင်တယ်။
ဆေးသောက်မလား။
အလုပ်ရှိသေးတယ်မလား။ဆေးက မသောက်ချင်ဘူး။
မသောက်လို့မရဘူးလေ။ ကိုယ်စားစရာပြင်ပေးမယ်။ ခဏ ကိုယ်လက်သန့်စင်ပြီး အပြင်ထွက်ခဲ့။
------------
ကြက်ပေါင်တွေကို ဂျင်းကြက်သွန်ဖြူ စပါးလျင်ထည့်ပြုတ်ပြီး ဂျုံခေါက်ဆွဲကို သတ်သတ်ပြုတ်ထားလိုက်သည်။ ဂျုံခေါက်ဆွဲစားပြီး ဆေးသောက်ခိုင်းရမည်။
တအောင့်နေတော့ အဝတ်အစားလဲပြီး ထွက်လာသည်။ ပေါင်တံအထိ ရှည်သော တီရှပ်အပွနဲ့ ဘောင်းဘီအတိုလေး တွဲဝတ်ထားသည်။
ထမင်းစား စားပွဲမှာ ထိုင်ခုံဆွဲပေးကာ ထိုင်စေသည်။ ခေါက်ဆွဲပြင်ပေးပြီး ဆေးတိုက်သည်။
ပြီးစီးသွားတော့
---------------------ဒီနေ့ အလုပ်မသွားဘဲ နားလိုက်မလား
အင်း နားလိုက်မယ်
ကိုယ်အလုပ်ရှိသေးလို့ သွားရဦးမယ် မင်းအဆင်ပြေတယ်မလား
(အမှန်တော့ နေမကောင်းတဲ့ရက်တွေမှာ တယောက်တည်း မနေချင်)
ကျမက နေလို့ ပြောရင် နေမှာလား
အင်း မင်းနေစေချင်ရင် နေမယ်
ဒါဆို ဒီနေ့ ဒီမှာ ခဏနေပေး၊ ရှင့်ကို နေစေချင်တာမဟုတ်ဘူး၊ ကျမအထီးကျန်နေလို့
(မင်းခန့်ပိုင် တချက်ဝမ်းနည်းသွားသည်)
အင်း သိပြီ။
![](https://img.wattpad.com/cover/291293590-288-k672944.jpg)
YOU ARE READING
အိပ်မက်တို့ အလွန်
Fantasyငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။