where do we go wrong?

5.9K 149 1
                                    

ဟိုတယ်ခန်းတွင် မင်းခန့်ပိုင် အိပ်နေစဥ်

"Where do we go wrong, I know we started out allright......" LANY အဖွဲ့ရဲ့ 13 သီချင်း။

ဖုန်းကိုကြည့်လိုက်တော့ နံပါတ်အသစ်ပဲ၊ ဒီအချိန်ကြီး ဘယ်သူခေါ်နေတာလဲ။

"ဟယ်လို"

တစ်ဖက်မှ "ဟယ်လို"

"ဘယ်သူလဲ၊ ဒီအချိန်ကြီးခေါ်နေတာ" ကျနော် စိတ်မရှည်၊ အိပ်ချိန်ကြီးမှာ လူလိုနားမလည်။

"ရတီဦးလေ၊ အခန်းထဲလာခဲ့"

"ဘာကိစ္စလဲကွာ၊ မနက်မှ ခေါ်လို့မရဘူးလား"

"ရှင့်ကတိ ရှင် မေ့နေပြီလား၊ ကျမမှာ ရှင့်ကို စိတ်ကြိုက် ခေါ်လို့ ရတယ် မထင်ဘူးလား"

"မင်းကလည်းကွာ၊ ခဏတော့ ပြန်အိပ်ပါရစေ"

"ရှင့်ကို အခုလာလို့ ပြောနေတယ် နော်"

စိတ်ညစ်စရာပဲ။ ဘာမှ မတတ်နိုင်၊ သွားရမည်။

------------------------------------------

ဟိုတယ်အခန်းထဲရောက်တော့

ကုတင်ပေါ်တွင် bath rope နဲ့ လှဲနေသော ရတီဦး။

"ကဲ ဘာလဲ"

"ဗိုက်ဆာလို့ တစ်ခုခုလုပ်ပေး"

"ဟာ၊ အဲ့တာ ဟိုတယ်ကို ခိုင်းလို့ရသားပဲကို"

"ရှင့်ကို ခိုင်းချင်လို့ပေါ့" အမြင်ကပ်စရာ ကောင်းသည်။

"ဟုတ်ပါပြီ၊ ဘာစားချင်လို့လဲ"

"ခေါက်ဆွဲပြုတ်"

"ညဘက်ကြီးကွာ၊ ဘယ်နားရမှာလဲ ခေါက်ဆွဲပြုတ်"

"ကျမမှာ ရှိတယ်၊ ပြုတ်ရုံပဲ"

"ဒါဆိုလည်း ပြီးရော၊ ဘယ်မှာလဲ"

"ဗီရို ညာဘက်ထောင့်မှာ"

ရေနွေးယူဖို့ ဟိုတယ် kitchen ဘက် ထွက်လာသည်။
---------------------------
ရေနွေးပူပူနဲ့ ခေါက်ဆွဲကို ခဏစိမ်လိုက်သည်။ ဒီအရည်ကို သွန်လိုက်ပြီးမှ ရေပူပူအသစ်ပြန်လောင်း၊ အရသာမှုန့်ထည့်ကာ အဖုံးအုပ်လိုက်သည်။

အခန်းထဲ သယ်လာသည်။ ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်ချလိုက်သည်။ အိပ်ခန်းထဲ ဝင်ပြီး......

"စားလို့ ရပြီ၊ အပြင်မှာတင်ထားတယ်၊ ဒါပဲမလား၊ ပြန်တော့မယ်"

"ဘယ်သူက ပြန်လို့ရပြီ ​ပြောလို့လဲ"

" ဘာဖြစ်ရပြန်ပြီလဲ" ကျနော် စိတ်တိုလာပြီ၊ အလွန်အိပ်ချင်နေပြီ။

"ကျမ ထလို့မရဘူး၊ ချီသွား"

ဆောင့်ကာအောင့်ကာ ချီလိုက်သည်။ ခွေခွေကလေး ပါလာပြန်ပြီ။ ချီလိုက်မှ သတိထားမိသည်။ bath rope အောက်တွင် ဘာမှ ဝတ်ထားပုံ မပေါ်။ အောက်ကို အနည်းငယ် ငုံ့ကြည့်တော့၊ ရင်သားမို့မို့လေးတွေကို အနည်းငယ် မြင်နေရသည်။ ရင်ဖိုသည်။

ထိုင်ခုံတွင် ချပေးလိုက်သည်။

"အေးတော့မယ်၊ အမြန်စားလိုက်တော့"

ခေါက်ဆွဲစားဖို့ ခေါင်းငုံ့လိုက်တော့ ဆံပင်ကောက်ကောက်တွေက ကာဆီးနေသည်။ ဘေးနားကပ်ထိုင်ပြီး ဆံပင်များစုသိမ်းကာ စုကိုင်လိုက်သည်။

"ဘာလုပ်ဖို့လဲ" ဆတ်ခနဲ ပြောချလာသည်။

"သေချာစားလို့ရအောင်ပါ"

ငြိမ်သွားသည်။ စားစရာရှိတာစားသည်။ အခုကျတော့လည်း ချစ်စရာကောင်မလေး အသွင်။

စားပြီးတော့...........................................................

"အိပ်မပျော်လို့၊ ခေါ်လိုက်တာ"

ကျနော် ဘာမှပြန်မပြောဖြစ်။

"ကျမ ဘဝမှာ သူတို့ လိုချင်တာကို မရရအောင်ယူရင်း ကျမကို ထိခိုက်အောင် လုပ်ခဲ့တဲ့ သူကြီးပဲ၊ ကျမမှာ ဘာများလိုအပ်နေလို့လဲ"

ဝမ်းနည်းကြေကွဲသော အသံ။

"ကျမကို လူယုတ်မာတွေ ဆီက ကယ်ထုတ်ခဲ့လို့ ရှင့်ကို ယုံကြည်မိတော့မဲ့ အချိန်မှာ၊ ရှင်က ရွံရှာစရာ လုပ်ရပ်ကို လုပ်ခဲ့တယ်။ ကျမကို ရှင်လိုချင်တာအတွက်ပဲ အသုံးချခဲ့တာ။ ကျမက အမြဲ ဒီလိုပဲ ဘာလို့ကြုံနေရတာလဲ။ အရင်ရည်းစားကလဲ ကျမအပေါ် သစ္စာဖောက်ခဲ့တယ်။ ကျမမှာ ဘာများလိုအပ်နေလို့လဲ"

" မင်း လိုအပ်ချက် မဟုတ်ပါဘူး။ လူတွေက အမှားလုပ်တတ်ပါတယ်။ ကိုယ်လည်း မှားခဲ့တယ်။ ပြန်ပြီး မပြင်ဆင် နိုင်တော့ပေမဲ့ နောက်တစ်ခါ မင်း မထိခိုက်စေရပါဘူး"

"ရှင်က ကတိတွေကို တအား လွယ် လွယ်ပေးတာပဲ"

"မင်း စောင့်ကြည့်လိုက်ပါ"

--------------------

အိပ်မက်တို့ အလွန်Where stories live. Discover now