မင်းခန့်ပိုင်လည်း ဒဏ်ရာတွေနဲ့ မောကလည်း မောနေပြီမို့ ကောင်မလေးကို အမြန်လှုပ်နှိုးလိုက်သည်။
"ကလေးမ ကလေးမ သတိရလား။ မင်းအခုဘယ်ပြန်မှာလဲ။ "
ဘယ်လောက်နှိုးနှိုးမရတာကြောင့် မင်းခန့်ပိုင်လည်း သူ့အိမ်ကိုသာ ခေါ်သွားလိုက်သည်။အိမ်အရောက်..........
ငါတော့ ပြဿနာတက်တော့မယ် ထင်တယ်ကွာ။ ဒီကောင်မလေးက ဘာမှမေးမရဘူး။
ရတီဦးကို ဆိုဖာပေါ်တွင် ခဏ လှဲထားပြီး အဝတ်အစားများလဲ လိုက်သည်။
ထို့နောက် အိပ်ရာတွင် သိပ်ဖို့ အိပ်ရာကို ချီလာတော့ ကောင်မလေးကဟင် ကိုကိုလား........ဟု မေးလာသည်
မဟုတ်ဘူး ငါ မင်းခန့်ပိုင် ။ ဘားမှာ မင်းမူးနေတာတွေ့လို့ ခေါ်လာတာ။ ဒီတစ်ညတော့ ဒီမှာ အိပ်လိုက်။
ဟာ ကိုကိုကလည်း ဘာကို မင်းခန့်ပိုင်လည်း ကိုကိုက ဘေဘီ့ကိုကိုပဲကို။ ဘေဘီ့ဆီ ပြန်လာတာလား။
ဒီကောင်မလေး မူးနေတတာလား။ ဆေးကြောင့်လား မသိတော့ဘူး။ ဘာဖြစ်ဖြစ် အိပ်လိုက်တော့...........ကောင်မလေးကို အိပ်ရာပေါ်တ္ငင် ပွေ့ချီတင်လိုက်သည်။ ထွက်သွားဖို့ လုပ်ရာ ကောင်မလေးက
လက်ကိုဆွဲ မင်းခန့်ပိုင် လည်ပင်းကို လက်များဖြင့် ချိတ်လာပြီး
ဟာကိုကိုကလည်း အရင်ကလို အတူတူအိပ်မယ်လေ။ ပြီးတော့ ဘေဘီ့ကို အဝတ်အစားလဲပေးပါဦး........ဟု ညှို့မျက်ဝန်းများဖြင့် ပြောလာသည်။
ဟာ ငါမင်းကိုကိုမဟုတ်ပါဘူးဆို ပြီးတော့ ဒီတိုင်းအိပ်လည်းရတာပဲ။ အဝတ်ကလဲစရာမလိုဘူး။
ကိုကိုက ဒါတောင်လုပ်မပေးချင်ဘူး။ ကိုယ့်ဟာကို လုပ်မယ် ဒါဆိုလည်း ဆိုပြီး
ဖဲသားဂါဝန်ကို ချွတ်ချလိုက်သည်။ဖွေးဥနေသော ဗိုက်သားများ၊ ပေါင်တံများက မင်းခန့်ပိုင်ကို ကြက်သီးများ ထသွားစေသည်
အိပ်ခန်းထဲက ထွက်သွားဖို့ကို မေ့သွား၍ ကြည့်နေမိသည်။ကိုကိုက ဒီလိုပဲ ကြည့်နေတော့မှာလား.......ဟု ပြောမှ အသိဝင်လာတော့သည်။ မင်းခန့်ပိုင်က
YOU ARE READING
အိပ်မက်တို့ အလွန်
Fantasyငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။