ရင်ခုန်ခြင်း

6.4K 151 0
                                    

ရတီဦးနဲ့ တွေ့ဆုံခဲ့ရတာဟာ စိတ်လှုပ်ရှားဖို့ကောင်းပေမယ့် တစ်လကျော် ကြာပြီးတဲ့နောက်မှာ ဒါတွေကို မင်းခန့်ပိုင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။

ဒါပေမဲ့ ရတီဦးကတော့ သူစိမ်းတစ်ယောက်ကို အရင်က ရည်စားနဲ့မှားပြီး လိင်ဆက်ဆံခဲ့မိတာအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်တုန်းပါပဲ။ ရတီဦးကို ဆေးခတ်တဲ့ လူ၂ယောက်ကိုလည်း companyက အလုပ်ထုတ်လိုက်ပြီး တရားပါစွဲလိုက်တယ်။

ရတီဦးကိုယ်တိုင်လည်း ဒီ မှာ အလုပ်မလုပ်ချင်တော့တာ​ကြောင့် စိတ်ပြေလက်ပျောက်ဆိုပြီး ကချင်ပြည်နယ်ဘက်ကို ခရီးထွက်လာခဲ့တယ်။ အတိတ်ကို မေ့ပစ်ပြီး အနားယူချင်တာလည်း ပါတာပေါ့။ ဒီလိုနဲ့ bookingလုပ်ထားတဲ့ Travel Agencyက စီစဥ်ထားတဲ့ Express Carဆီကို မနက်၉နာရီ အရောက် Boyfriend shirt အဖြူ/ဂျင်းတစ်ထည်ဝတ်ပြီး ရောက်သွားတယ်။

ကားပေါ်တက်ပြီး ကားထွက်ဖို့ စောင့်နေတုန်းမှာပဲ
"အားလုံးပဲ မင်္ဂလာပါ Myanmar's Wonders agencyကနေ ကြိုဆိုပါတယ်။ ၁၀မိနစ်ဆိုရင် ကားထွက်တော့မှာ ဖြစ်လို့ ပစ္စည်းတွေ သေချာပြန်စစ်ကြပါ။ ကျနော်ကတော့ မင်းခန့်ပိုင်ပါ။ ဒီခရီးကို စီစဥ်တဲ့သူ ဖြစ်ပါတယ်။ အခက်အခဲရှိတာ၊ အကူအညီလိုတာ အကုန်ကျနော့်ကို ပြောလို့ရပါတယ်။ Safe Trip everyone" ဆိုတဲ့ အသံတစ်သံ ပေါ်လာတယ်။

ဒီအသံကို ကြားဖူးသလိုလိုပဲလို့ တွေးနေတုန်းမှာပဲ Shirt အဖြူနဲ့ Style Pants ဝတ်ထားပြီး ခန့်ညားလှတဲ့ ထိုအမျိုးသားကို ရတီဦး တွေ့လိုက်ရတယ်။

"ဒုက္ခပါပဲကွာ ဒါတွေကို မေ့ချင်လို့ လာပါတယ်ဆို ပြီးတော့သူက ဒီမှာ ဘာလုပ်နေတာလဲ....သေချင်တော့တာပဲ" လို့ ရတီဦး တွေးနေမိတယ်။ ဒါပေမဲ့လည်း သူမှတ်မိချင်မှ မှတ်မိမှာပါဆိုပြီး အားတင်းထားလိုက်တယ်။

ဒီလိုနဲ့ ကားစီးရင်း ကချင်ပြည်နယ်ထဲကို ဝင်လာတော့ ကားထဲမှာ တအားအေးလာတယ်။ ရန်ကုန်လိုပဲ ထင်ပြီး ဘာအနွေးထည်မှ မယူလာခဲ့တော့ ခန္ဓာကိုယ်ကို ကျုံ့ပြီးပဲ နေနေရတယ်။ စောင်ပေးထားပေမဲ့ လူတကာသုံးတဲ့ စောင့်မို့လို့ မခြုံချင်ပါဘူး။ ရတီဦးက သိပ်အသန့်ကြိုက်သည်လေ။

အိပ်မက်တို့ အလွန်Where stories live. Discover now