ညက ရှက်စရာကောင်းတဲ့ အိပ်မက်ကိုမက်ခဲ့တာကြောင့် ဒီမနက် ရတီဦး စိတ်တွေလေးနေသည်။ မျက်နှာသစ်သွားတိုက်၊ ဖြီးလိမ်းပြင်ဆင်ပြီး မနက်စာစားဖို့ hotel dining room ထဲ သွားလိုက်သည်။ ပြင်ပေးထားသော မုန့်ဟင်းခါးတစ်ပွဲကို ယူလာပြီး ထိုင်စားဖို့ စားပွဲအလွတ်ရှာလိုက်တော့ ထောင့်နားလေးတွင် တစ်လုံးသွားတွေ့သည်။
ရတီဦး စားပွဲခုံဆီ လျှောက်နေဆဲတွင် မင်းခန့်ပိုင်က ထိုခုံကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်လာထိုင်သည်။
မဆုံချင်တဲ့လူက ပေါ်လာပြန်ပြီ။ တခြားခုံတွေကို ကြည့်တော့လည်း အကုန်လုံးပြည့်နေပြီဆိုတော့ မထူးပါဘူး ထိုင်ရတော့မှာပေါ့။
လွတ်နေသော မျက်နှာချင်းခုံတွင် ဝင်ထိုင်လိုက်ပြီး စကားမပြောချင်တာကြောင့် ခေါင်းငုံ့၍သာ မုန့်ဟင်းခါးစားနေလိုက်သည်။ ဒါကိုအလိုက်မသိသော ငနဲသားက
"ဒီက မျက်နှာမကောင်းပါလား။ ခြေထောက်နာနေသေးလို့လား""မနာတော့ဘူး" လို့ပဲ တိုတိုတုတ်တုတ် ဖြေချလိုက်သည်။
ဒါကို မရပ်နိုင်သေးပဲ ထပ်၍
"ခြေထောက်က မနာတော့ဘူးဆိုရင် နေမကောင်းလို့လား""နေလည်းကောင်းပါတယ်"
"ဒါဆို ညက အိပ်မက်ဆိုးတွေ ဘာတွေ မက်လို့လား"
အဟွတ်......ပြောလိုက်သော စကားကြောင့် မုန့်ဟင်းခါးသီးသွားသည်။ မင်းခန့်ပိုင်က ချက်ချင်း ရေကရားမှ ရေငှဲ့ပေးပြီး
"ရေသောက်လိုက် ဖြည်းဖြည်းသောက်"
"အဆင်ပြေရဲ့လား"
အချိန်အနည်းငယ်ကြာတော့မှ
"အခု သက်သာသွားပါပြီ၊ ကျေးဇူးတင်ပါတယ်" ဟု မိမိအကြောင်းနဲ့မိမိ ရှက်တာရော၊ သီးတာပါ ရောသွားပြီး မျက်နှာများ နီရဲကာ ဖြေသည်။
"ဖြေးဖြေးစွားမှပေါ့ကွ ကလေးမရ"
"ရှင်က လူတွေ့တိုင်း ကလေးမ၊ ခေါ်နေတာ ဒီလောက်ကွာတာလည်း မဟုတ်ဘဲနဲ့"
"ဒီလိုပဲ ခေါ်နေကျမို့လေ၊ ကိုယ့်ထက်အငယ်ပဲကို"
"မကြိုက်ပါဘူး နာမည်ရှိတာပဲကို၊ ဒါမှမဟုတ်လည်း ညီမတို့ ဘာတို့ ခေါ်လို့ရတာပဲ"
"ဒါဆိုလည်း ရတီလို့ပဲ ခေါ်ပါမယ်"
"အဲ့လိုဆို အဆင်ပြေသားပဲ"
"မင်း ကိုယ့်ကိုပဲ ပြောနေတာ၊ မင်းလည်း တစ်ရှင်ရှင်နဲ့၊ တစ်ခုခု ပြောင်းခေါ်ပါလား"
"ဘယ်လိုခေါ်ရမတုန်း"
"အဆင်ပြေတာတစ်ခုခုပေါ့"
" ဦးလေးလို့ ခေါ်ရမလား" ဟု ရယ်ကြဲကြဲကလေး ပြောလိုက်သည်။
ဒီကောင်မလေး ပြုံးလိုက်ရင် ပါးချိုင့်လေးတွေ ပေါ်လာတာပဲ။ ပုံမှန်ဆို ဆွဲဆောင်မှုရှိတဲ့သူက ပြုံးလိုက်တော့ ချစ်စရာလေး ဖြစ်သွားပြန်သည်။ - ဟု စိတ်ထဲတွင် မင်းခန့်ပိုင် တွေးမိသည်။
"စောစောကျ အသက် သိပ်မကွာဘူးလို့ သူပဲပြောပြီးတော့"
"ဒါဆို ဘယ်လိုခေါ်စေချင်တာလဲ"
မင်းခန့်ပိုင် ရတီဦး မျက်နှာနားတိုးသွားပြီး
လေသံဖြင့်"ကိုကို လို့ခေါ်လေ" ဆိုတော့
ရတီဦးက
"ရှင်နော်၊ ဒီအကြောင်းမပြောပါနဲ့ ဆိုတာကို
"ဒါပဲ လာလာ အစဖော်နေတယ်" ဟု အသံများအနည်းငယ် တုန်ရင်ကာ ပြောလာသည်။"စိတ်လျော့ပါကွာ၊ ကိုယ့်က ရတီ့ကို စတာပါ။ စိတ်မဆိုးပါနဲ့နော်"
"ကျမ ဒီကိုလာတာ စိတ်ပျော်အောင်လာတာ၊ ရှင်ဒီလိုပဲ စနောက်နေမယ်ဆိုရင် ကျမ ဒီခရီးကနေ ပြန်တော့မယ်"
"အိုး ဒီလိုမလုပ်ပါနဲ့၊ ကိုယ် မပြောတော့ဘူးလို့ မင်းကိုပြောနေတယ်လေ"
"ရှင် မနေ့ကလည်း ဒီလိုပြောတာပဲ"
"အတည်ပါကွာ၊ မင်းဒီလောက်ကြီး ဒေါသထွက်မယ်လို့ မထင်လို့ပါ၊ တောင်းပန်ပါတယ်။"
"သူစိမ်းတစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့တာကို ထမင်းစားရေသောက်လို ပေါ့ပေါ့ပါးပါး စနောက် ပြောဆိုနေရအောင်လို့ ကျမက အပေါစားမိန်းမ မဟုတ်ဘူး ကိုမင်းခန့်ပိုင်" ဟု ပြောကာ ရတီဦး ထိုနေရာမှ ထွက်သွားလိုက်သည်။
![](https://img.wattpad.com/cover/291293590-288-k672944.jpg)
YOU ARE READING
အိပ်မက်တို့ အလွန်
Fantasíaငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။