ဒီနေ့ကတော့ Short Pantနဲ့ တီရှပ်အညိုတစ်ထည်ကို ဝတ်ထားသည်ပဲ။ ဝတ်ထားတာ အဆင်ပြေပေနဲ့ ဆေးလိပ်သောက်တာက တ်စက်မှ အဆင်မပြေ။
ရတီဦး ဒေါသထွက်နေသည်ကို မသိဘဲ
မင်းခန့်ပိုင်က အနီးက ဝိုင်းတွင်မှ လာထိုင်သည်။ဒါနဲ့ပဲ ရတီဦးက ဆေးလိပ်မီးသတ်ပေးဖို့ ပြောမလို့ ထလိုက်စဥ် ခေါင်းကရိပ်ခနဲဖြစ်ပြီး လဲကျသွားသည်။ ထိုင်နေတော့ ခေါင်ရည်မူးတာ မသိသာပဲ ထမှ ထိုးမူးလာတာဖြစ်သည်။ မင်းခန့်ပိုင်က လဲကျသည်နှင့် ဆေးလိပ်ကို ပစ်ချ အမြန်ထပြီး ခါးသိမ်သိမ်ကလေးကို လှမ်းထိန်းပေးသည်။ အောက်ကို မလှဲကျသော်လည်း ခြေဆစ်နေရာက အောင့်ကနဲ ဖြစ်သွားသည်။
"အဆင်ပြေရဲ့လား ဘာဖြစ်လို့ ရုတ်တရက်ကြီး ထလာတာလဲ"
"အဆင်ပြေပါတယ်၊ ရှင့်ဆေးလိပ်နံ့ မခံနိုင်လို့ ထပြောမလို့"
"ဒါများ လှမ်းပြောလိုက်လည်း ရတာပဲကို"
"ဒါကတော့ အော်ပြောရမှာ ကျမ ရှက်တာကိုး"
"မင်းက ဒါကျတော့ ရှက်တယ်ပေါ့" မင်းခန့်ပိုင် ပြုံး၍ ပြောလိုက်သည်
"ရှင် ဘာပြောတာလဲ"
"ငါပြောချင်တာကို မင်းသိပါတယ်"
"ရှင် ကျမကို လူရှေ့သူရှေ့ မစော်ကားနဲ့ " ရတီဦး ဒေါသထွက်၍ အော်လိုက်သည်။ အဲဒီလူ မျက်နှာကို မကြည့်ချင်၍
ထိုနေရာက ထပြန်မယ် အလုပ်
ခြေထောက်က ခွင်ပြီး တစ်ခါ ယိုင်ကျပြန်သည်။ မင်းခန့်ပိုင်က ဒီတစ်ခါလည်း ခန္ဓာကိုယ်ကို ထိန်းပေးပြန်သည်။"ဒေါသကလည်း ကြီးလိုက်တာ၊ ကိုယ်က အပျော်အပြက်ပြောတာပါ၊ စော်ကားတာ မဟုတ်ပါဘူး။"
"ကျမကို အပျော်အပြက်ပဲ ဖြစ်ဖြစ် ဒါမျိုး ဘယ်တော့မှ မပြောပါနဲ့"
"ဟုတ်ပါပြီ ကိုယ်တောင်းပန်ပါတယ် ကဲမင်းစောစောက ဘယ်သွားမလို့လဲ"
"ကားပေါ်သွားမလို့"
"မင်း အခုခြေထောက်နာနေတာ၊ ဘယ်လိုသွားမလဲ၊ ကိုယ်ချီသွားရမလား"
"ရတယ် ကျမ ဘာသာသွားမယ်" ထရပ်သော်လည်း ပြန်လဲကျပြန်သည်။
"ခေါင်းမာ မနေပါနဲ့ကွာ၊ လာ " ဆိုပြီး မင်းခန့်ပိုင်က ရတီဦးကိုယ်လုံးကို ချီလိုက်သည်။
ရတီဦးက မျက်နှာ လွှဲထားသည်။ ကားပေါ်တွင် ချပေးအပြီး မင်းခန့်ပိုင်ကပါ ကားပေါ်တွင်သာ ထိုင်နေလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ကျမကို စောင့်ပေးစရာ ရှင်လုပ်စရာရှိတာ လုပ်လို့ရပါတယ်၊ ကျမတစ်ယောက်တည်း အဆင်ပြေတယ်။"
"ကိုယ် မင်းကို စောင့်ပေးတာ မဟုတ်ဘူး၊ ကိုယ်လည်း နားချင်လို့"
မင်းခန့်ပိုင် စိတ်ထဲတွင် ရတီဦးအနားတွင် တမင်နေချင်လို့ နေနေခြင်းဖြစ်သည်။ ဂါဝန်အဖြူရောင်ဝတ်ထားပြီး ဆံပင်ကောက်များနဲ့ ဒီမိန်းကလေးသည် လှသလို ဒေါသလည်းကြီးလှသည်။ သို့သော် ဒီမိန်းကလေးကို မင်းခန့်ပိုင် သိကျွမ်းချင်သည်။
ဖုန်းကိုသာ ကြည့်နေသော သူမကို မင်းခန့်ပိုင် ဘက်မှ
"မင်းအကြောင်းနည်းနည်း ပြောပြမလား""ဘာလို့လဲ မပြောချင်ဘူး"
"မင်းက ကိုယ့်အကြောင်းတွေ သိတယ်လေ ကိုယ်လည်းသိထားသင့်တယ်ထင်လို့ပါ"
"မလိုပါဘူး"
"မင်းနာမည်တောင် ကိုယ်မသိသေးဘူးလေ"
"အာရုံနောက်လိုက်တာ"
"မင်း အကြောင်း ပြောပြရင် မင်းခြေထောက် ချက်ချင်း ပြန်ကောင်းအောင် လုပ်ပေးမယ်"
"အတည်လား"
"အေးပါဆို"
"နာမည်က ရတီဦး ၂၂နှစ်၊ အရင်က အလုပ်လုပ်တယ်၊ အခုထွက်လိုက်ပြီ"
"ဝါဿနာကကော ပြီးတော့ ရည်းစားရှိလား"
"အဲဒါပြောမှ ဖြစ်မှာလား"
"ခြေထောက် ပြန်မကောင်းချင်ဘူးလား"
" စာရေးစာဖတ်ရတာကြိုက်တယ်၊ ဂိမ်းတော့တယ်၊ ရည်းစားက အရင်တစ်ယောက်၊ အခုတစ်ယောက်ရှိတယ်"
"ကောင်းပြီ ငါသိချင်တာ သိရပြီဆိုတော့ ခြေထောက်ဆေးလူးပေးမယ်"
နာနေတဲ့ဖက်က ဖိနပ်ကို ကိုယ်ကိုင်ဖြေပေးပြီး ကချင်ဆေးရည်တစ်မျိုးနဲ့ ခြေထောက်တစ်ခုလုံးကို သေချာနှိပ်ပေးနေတာပဲ။
"အား....နာတယ် ဖြေးဖြေးလုပ်ပါ"
"ခဏပဲ သည်းခံလိုက်"
တအောင့်နေလို့ ဆေးလူးပြီးတော့ တခြားလူတွေလည်း ပြန်လာတာနဲ့ ဟိုတယ်ကို ပြန်သွားကြတယ်။
ဟိုတယ်ရောက်တော့ ညနေ ရောက်ပြီ။
ရတီဦးလည်း ရေမိုးချိုးပြီးတာနဲ့ တီရှပ်တစ်တည်ပဲ ကောက်ဝတ်ပြီး
ပါလာတဲ့ ဗော့ကာကလေး မော့နေလိုက်တယ်။ဗော့ကာလေးသောက်ပြီး ဂိမ်းတိုက်နေတုန်း ခန္ဓာကိုယ်က ပူပြီး ရေဆာသလို ဖြစ်လာတယ်။ နို့သီးတွေ တင်းလာပြီး တစ်ခုခုကို လိချင်လာသလို ဖြစ်လာတယ်။
YOU ARE READING
အိပ်မက်တို့ အလွန်
Fantasíaငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။