After Trip

7.6K 188 21
                                    

ရတီဦး - သိပ်ချစ်ရသော ချစ်သူကောင်လေးက သစ္စာဖောက်သွားသည်။ မသိသော လူနဲ့ လိင်ဆက်ဆံခဲ့မိသည်။ အဲဒီလူကိုပဲ ယုံကြည်ခဲ့လိုက်တော့ တစ်ခါပြန်စော်ကားခံရသည်။ အခုတစ်ခါ ဒီလူက ကိုယ့်အပေါ်ကောင်းပြနေသည်။ လူတွေက ဘယ်လိုလူမျိုး ဖြစ်ချင်ကြတာလဲ။

မင်းခန့်ပိုင် - စစချင်းတွေ့ကတည်းက သဘောကျခဲ့သော ကောင်းမလေးနဲ့ လိင်ဆက်ဆံခဲ့သည်။ မိမိစိတ်ကို မထိန်းနိုင်သဖြင့် စော်ကားမိသည်။ တကယ်ပဲ လူဆိုးတစ်ယောက် ဖြစ်ခဲ့ပြီ။ သူတစ်ပါးကို နာကျင်စေမိပြီ။

ကိုယ်စီအတွေးများနဲ့ မြစ်ကြီးနား ခရီးလည်း ပြီးဆုံးခဲ့ပြီ။ ရန်ကုန်သို့ ကိုယ်စီ ပြန်ရောက်ခဲ့ပြီ။ ရတီဦး ရုံးတစ်ရုံးတွင် အတွင်းရေးမှူးရာထူး အလုပ်လျှောက်ထားရင်း အသိတစ်ယောက်၏ ကော်ဖီဆိုင်ကလေးတွင် ခဏ ဝင်ကူနေသည်။

ခရီးမှ ပြန်ရောက်ကတည်းက မင်းခန့်ပိုင် စိတ်တွေကို တည်ငြိမ်အောင် ကြိုးစားနေရသည်။ ရတီဦးကို တွေ့ချင်သည်။ သူ့မျက်နှာ ဖြူနုနု နဲ့ ပါးချိုင့်ကလေးကို တွေ့ချင်လှသည်။ ဖုန်းနဲ့ ဆက်သွယ် ချိန်းဆိုဖို့ကလည်း မိမိမှာ ဒီလိုလုပ်ရန် အနေအထားတွင် ရှိမနေ။ ရတီဦးနှင့် မတွေ့ရသည်မှာ ၂ပတ်ကြာခဲ့ပြီ။

ဒီနေ့တော့ Dejavu cafe ကလေးသို့ ထွက်လာမိသည်။ သီချင်းသံအေးအေးလေးတွေ ဖွင့်ထားတတ်၊ချစ်စရာစာအုပ်ကလေးနဲ့ အပင်တွေ၊ ပြီးတော့ အပြင်က ဆွေးရိပ်ရိပ် အပင်တန်းတွေ။ ဒီကော်ဖီဆိုင်ကလေးကို လာတိုင်းသဘောကျရသည်။

ကော်ဖီဆိုင်ထဲ ဝင်လာသည်။ ထောင့်နားက ခုံတွင် ဝင်ထိုင်သည်။ bell ကလေး တစ်ချက်တီးလိုက်သည်။ staff တစ်ယောက် ရောက်လာသည်။

"ဘာများ အလိုရှိပါသလဲ"

ဒီအသံကို ရင်းနှီးနေသည်။ သို့သော် မော့မကြည့်မိ။ Menu ကို ကြည့်ရင်း Cappuccino တစ်ခွက်နဲ့ ပူပူနွေးနွေး chocolate cookies တွေ မှာလိုက်သည်။

သီချင်းသံကို နားထောင်ကြည့်မိသည်။
"အပြုံးပန်းမလှတဲ့ ကိုယ်လိုလူရဲ့ အပြုအစု အယုအယဟာ မင်းဘဝအတွက်တော့ မဖူလုံနိုင်သေးတယ်" ဆလိုင်းဆွန်ကျဲအိုရေးတဲ့ အရင်လိုဘဝမျိုး ရောက်ချင်တယ် ဆိုတဲ့ သီချင်း။ သီချင်းသံက ဆွေးဆွေးရီရီ။ သီချင်းစာသားလိုပင် ကျနော့် ဘဝဟာလည်း အခုအချိန်ထိ လူသားတစ်ယောက်အတွက် မလုံလောက်နိုင်သေးပါ။ ယောကျာ်းလေးတစ်ယောက် မဟုတ်သည့်အတွက် ကဲ့ရဲ့သံတွေ၊ စွန့်ပစ်ခံရခြင်း၊ ထားခဲ့ခံရခြင်း၊ ပစ်ပယ်ခံရခြင်း။ ကျနော် တော့ အရင်လိုဘဝမျိုး မရောက်ချင်ပါ။

အိပ်မက်တို့ အလွန်Where stories live. Discover now