ဆဒုန်းခရီး ၂

4.9K 123 4
                                    

မင်းခန့်ပိုင် POV

ကျနော် ဒီကောင်မလေးကို တကယ်ပဲ ပျော်ရွှင်စေချင်သည်။ ပထမအကြိမ်တွေ့ကတည်းက ဝမ်းနည်းရိပ်တွေနဲ့ သူ၊ ဆံပင်သားကောက်ကောင်ကွေးကွေးလေးတွေ ခါးနားမှာ ဝဲကျနေပြီး ပြုံးလ်ုက်တဲ့အခါ ပါးချိုင့်ကလေးတွေနဲ့ သိပ်လှတဲ့သူ။
ပြီးတော့ ဒီကောင်မလေးကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်သည့်တိုင် ဒီခရီးမှာတော့ စိတ်ညစ်အောင် မလုပ်ချင်ပါ။ ကျနော့် ခရီးသည်တွေကို တကယ်ပဲ စိတ်ပြေလက်ပျောက် အပန်းဖြေစေချင်သည်။

ဒါနဲ့ပဲ ဆဒုန်းကို သွားဖို့အတွက်၊ မြစ်ကြီးနားက သူငယ်ချင်းဆီက ကားကလေး တစ်စင်းငှားလိုက်သည်။ အသင့်ဖြစ်တော့ ကားပါကင်တွင် စောင့်နေလိုက်သည်။ ခဏကြာတော့ လာပါပြီ။

ရတီဦး POV
ဒီနေ့က နေသာနေတာနဲ့ပဲ ပေါ့ပေါ့ပါးပါး ဖြစ်အောင် bell pants နဲ့ တီရှပ်အဖြူ တွဲဝတ်လာလိုက်သည်။ အကြိုက်ဆုံး sneakers အနက် တစ်ရံနဲ့ တွဲဝတ်လိုက်တော့ အဆင်ပြေလောက်ပါပြီ။

ဒါနဲ့ ဒီလူကြီးက တကယ်ပဲ ယော်ကျားလေးမဟုတ်ဘူးလား။ ဒါဆိုငါက Transman နဲ့ sex ဖြစ်ခဲ့တာပေါ့။ ဟာ ဘာတွေလဲ။ သူပြောတာက တကယ်ကော ဟုတ်ရဲ့လား။ ဖြစ်နိုင်မယ် ထင်တာပါပဲ၊ ငါတို့ sex လုပ်တုန်းက သူက လက်နဲ့ပဲ သုံးခဲ့တာပဲ။ ဒါဆိုရင် ဘာပဲဖြစ်ဖြစ်တော်ပါသေးတယ်။ ဒါပေမဲ့ ငါက ဒါဆို lesbian ဖြစ်သွားပြီလား။ မသိတော့ဘူးကွာ အကုန်မေ့ထားပြီး သွားရမဲ့ ခရီးကိုပဲ သွားတော့မယ်။

ရတီဦးကားနားကိုရောက်တော့

"ဝင်လို့ရပြီလား"

"ရပြီ၊ တစ်ခါတည်း တန်းသွားကြမယ်နော်၊ မုန့်ဆိုင်တွေ ဘာတွေ ဝင်ချင်သေးလား"

"မဝင်တော့ဘူး"

သူက ကျမ ဝင်ဖို့ ကားတစ်ခါးကို ဖွင့်ပေးသည်။
(ဒီလိုကျတော့လည်း ယဥ်ကျေးသားပဲ ဒီလူက)

၂ယောက်ကားထဲ ဝင်ထိုင်ပြီးတော့

မင်းခန့်ပိုင်က

"ခါးပတ် တပ်လိုက်ဦး"

"မတပ်ချင်ဘူး"

"မတပ်လို့ မရပါဘူး"

"ရှင် ကျမ မလုပ်ချင်တာ လုပ်ခိုင်းတာက ကျမကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာပဲ မဟုတ်ဘူးလား"

"မင်း အန္တာရာယ်ကင်းဖို့ပဲ" ဟု ခပ်ပြတ်ပြတ်ပြောပြီး မင်းခန့်ပိုင် ကိုယ်တိုင် အနားကို တိုးလာကာ ရတီဦးကို ကားခါးပတ် တပ်ပေးသည်။ တအားနီးကပ်သွားသည်မို့ ၂ယောက်လုံး ရှိုးတိုးရှန့်တန့်ဖြစ်သွားပြီး ဘာစကားမှ မပြောပဲ ခရီးဆက်လာသည်။

လမ်းတစ်ဝက်လောက်နေတော့ ရတီဦး ပျင်းလာပြီးတော့ အိပ်ပျော်သွားသည်။

အိပ်မက်တို့ အလွန်Where stories live. Discover now