"ဟေ့၊ ဟေ့၊ ရတီဦး ထတော့၊ ရောက်ပြီ"
ရတီဦး အိပ်ချင်မူးတူးနဲ့ မျက်လုံးဖွင့်လိုက်သည်။
"ရောက်ပြီလို့၊ ရေတံခွန်ရောက်ပြီ"
အိပ်ချင်မူးတူးနဲ့ပဲ ရတီဦး ကားခါးပတ်ကို ဖြုတ်လိုက်ပြီး ကားအပြင်ကိုထွက်လိုက်သည်။
မင်းခန့်ပိုင်လည်း ရတီဦး ဘေးနားက ကပ်လျှောက်လာသည်။ ဆဒုန်းတံတားနား ရောက်ခါနီးတော့ မင်းခန့်ပိုင်က
"ခဏလေး"
"ဘာလို့လဲ"
"ဖိနပ်ကြိုး ပြေနေတယ်" ဆိုပြီး အောက်ကိုငုံ့ကာ ဖိနပ်ကြိုးကို သေချာချည်ပေးနေတယ်။
ရတီဦး အတိတ်က ကိစ္စများကို ပြန်သတိရလာသည်။ အရင်က ကိုကိုလည်းပဲ ဒီလိုကြင်နာခဲ့တာပဲမလား။
"ဟေ့ ဘာကိုငိုင်နေတာလဲ၊ ရပြီလေ၊ သွားမယ်"ဒီလိုနဲ့ပဲ တံတားကို ဖြတ်လာသည်။ တံတားအလည်လောက်ရောက်တော့
"ဓါတ်ပုံလေး ဘာလေး မရိုက်ဘူးလား၊ ကြုံတုန်း လာရတာ"
"မရိုက်တော့ပါဘူး"
"ဟာ လုပ်စမ်းပါ၊ အမှတ်တရပေါ့"
"တော်ပြီဆို၊ အမှတ်တရတွေက နာကျင်စေတယ်" ဆိုပြီး ရတီဦးက အဝေးကို ငေးကြည့်ကာ ဖြေလာသည်။
"မင်းကလည်း လူအိုကြီးလို ပြောပြန်ပြီ။ လာပါ၊ နာကျင်ရပေမဲ့ အမြဲတမ်း ဘယ်ဟုတ်မလဲ။ ပြီးတော့ ဒီဒါဏ်ရာတွေကပဲ ကိုယ်တို့ကို ပိုလို့ သန်မာစေတာပဲမလား"
"ဆရာကြီး လုပ်နေပြန်ပြီ" ဟု ပါးချိုင့်၂ဖက်လုံးပေါ်အောင် ပြုံးပြကာ ပြောလာသည်။
"ဟုတ်တယ် အဲ့လိုလေး ပြုံးနေ" ဟုပြောကာ၊ မင်းခန့်ပိုင်က ချက်ချင်းပဲ ပုံအချို့ ရိုက်လိုက်သည်။
"ကိုယ်နဲ့လည်း တစ်ပုံလောက် ရိုက်ပါလား၊ အမှတ်တရပေါ့"
"တစ်ပုံတည်းနော်"
မင်းခန့်ပိုင်က အနားက လူတစ်ယောက်ကို အကူအညီတောင်းကာ နှစ်ယောက်အတူရပ်နေသော ပုံတစ်ပုံ ရခဲ့သည်။ ။
ပြီးတော့ ခရီးသွား အဖွဲ့ဆီကို ရောက်လာသည်။
မင်းခန့်ပိုင်က ကားအဖွဲ့ထဲ သွားလိုက်ကာ စကားပြောနေသည်။ ရတီဦးလည်း ရေတံခွန်ဘက်တိုးကာ သွားကြည့်သည်။
YOU ARE READING
အိပ်မက်တို့ အလွန်
Fantastikငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။