ညက ဟိုလူ နေရာပေးတာကြောင့် တော်တော်သက်သာသွားသည်။ ကျေးဇူးတင်ချင်ပေမဲ့ အတိတ်မှာ သူပြုမူခဲ့တာတွေက တစ်စက်မှ အကောင်းမြင်စရာမရှိ။
လူကို ကောင်းပြနေတာ ဘာသဘောလဲ။ အခုလို တွေးမိတော့မှ သတိရလာသည်။
ဒီမင်းခန့်ပိုင်ဆိုတဲ့လူကို ကြိုက်သလို ခိုင်းလို့ရတာပဲ။
ခိုင်းချင်းလွန်းလို့တော့မဟုတ်ပေမဲ့
ကိုယ့်ကို နစ်နာအောင် လုပ်ထားတဲ့သူကို တမ်သလောက်တော့ စိတ်ဒုက္ခရောက်စေချင်သည်။
--------
နောက်နေ့မနက် ၆နာရီ။မင်းခန့်ပိုင် အိပ်ပျော်နေတုန်း ဖုန်းကောလ်တခု ဝင်လာသည်။
ဟယ်လို
မင်းခန့်ပိုင် အခု ကျမ ဘုရားတက်ချင်လို့ အိမ်ကိုလာကြိုပါ။
မင်းဘယ်သူလဲ ဒီအချိန်ကြီး ဘာအရူးထနေတာလဲ
ကျမ ရတီဦး၊ ရှင်ပေးထားတဲ့ ကတိ ရှင်မသိတော့ဘူးလား။
ကတိပေးထားတာတော့ သိတာပေါ့၊ မင့်ဟာက အခုလာဆိုတိုင်းလာရမှာလား။
ဒါဆို ကျေနပ်အောင်လုပ်ပေးမယ်ဆိုတဲ့ ကတိက ဟာသပြောတာလား။ ရှင်ကယောကျ်ားလိုနေတာ မဟုတ်ဘူးလား။ ယောကျ်ားစကားမဟုတ်ဘူးလား။
တော်ပြီ တော်ပြီ၊ လာမယ်၊ နာရီဝက်တော့ စောင့်ပေး။
စိတ်ရှုပ်ရှုပ်နဲ့၊ ပြာနုရောင် ရှပ်နဲ့ အဆင်ပြေတဲ့ပုဆိုးတထည်ကောက်ဝတ်ကာ ထွက်လာသည်။ မနက်စာလည်းမစားရတော့။
--------
ရတီဦးအိမ်ရှေ့သို့ ကားဆိုက်သည်။ ကားမှန်ချကာ ဝင်ထိုင်လို့ပြောတော့။
ကားတံခါး လာဖွင့်ပေးတဲ့၊
တမင်တင်စီးနေတာသိပေမဲ့ ဘာမှမတတ်နိုင်။ ကိုယ့်စကားကို တာဝန်ယူရမည်။ကားတံခါးဖွင့်ပေးလိုက်သည်။
ရွှေတိဂုဏ် ဘုရားသို့ရောက်လာသည်။
ဖိနပ်ချွတ်ရမည့် နေရာရောက်တော့ ကျနောါက ဖိနပ်အပ်ဖို့ ပြင်သည်။ရတီဦးက
ကျမ ဖိနပ်သယ်ပေးအပ်လိုက်လို့ရသားပဲ
YOU ARE READING
အိပ်မက်တို့ အလွန်
Fantasiငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။