မိန်းမကိုယ်က တစ်ကျစ်ကျစ် နာကျင်မှုနဲ့ အတူ ရတီဦး နိုးထလာသည်။ ဒီလူက တကယ်လူပါး၀တာပဲ။ အယုတ်တမာ။ ထရပ်ဖို့ ကြိုးစားသည်။ ပိုနာလာသည်။ ပြန်လှဲဖို့ ကြိုးစားသည်။
"ကိုယ်ချီရမလား" အနားကို ခေါင်းငိုက်စိုက်ချကာ ကပ်လာသည်။
"မလိုဘူး၊ ထွက်သွား၊ ရှင့်မျက်နှာ ကျွန်မ မမြင်ချင်ဘူး"
"မင်းမှ မထနိုင်ဘဲ၊ ခဏနေ ပြန်ကြတော့မှာ၊ ဘယ်လိုလုပ်မလဲ"
"ရှင့်အပူ တစ်ပြားသားမှ မပါဘူး၊ အဲ့ဒီ ကျက်သရေတုံးတဲ့ မျက်ခွက်ကြီး ကျမ မမြင်ချင်ဘူး"
"တောင်းပန်ပါတယ်၊......ညက ကိစ္စအတွက်"
"ဘာကိုတောင်းပန်တာလဲ၊ ရှင်ကျမအပေါ် စော်ကားခဲ့တာ ၂ကြိမ်တောင် ရှိပြီ"
"ထပ်ပြီး တောင်းပန်ပါတယ်"
"ထွက်သွားလို့ ပြောနေတယ် လူယုတ်မာရဲ့" အော်သည်။ မျက်လုံးများ ကြောက်စရာကောင်းသည်။ နာကျည်းမုန်းတီးနေသည်။
ဒီလိုမျိုး ဆက်ဆံခံရတာကို မင်းခန့်ပိုင် မကြိုက်။ ဒါပေမဲ့ တကယ်ပဲ မိမိက မှားခဲ့သူ။
တဲအပြင်ကို ထွက်လာသည်။........
ကျနော် ကိုယ့်ဟာကိုယ်ပဲ ကားမောင်းပြန်လိုက်ဖို့ စိတ်ကူးမိတယ်။ မဖြစ်ဘူး ကိုယ့်လုပ်ရပ်ကို တာဝန်ယူရမယ်။
ပေါင်မုန့်နဲ့ ကော်ဖီတစ်ထုပ်ကားထဲက ယူလာပြီး အဖ္ဖွဲ့ ဆီက ရေနွေးတောင်းကာ ကော်ဖီဖျော်လိုက်သည်။ ဆေးလည်း တောင်းလာသည်။
တဲထဲ ပြန်ဝင်တော့ ရတီဦး ငိုနေသည်။
ကျနော် အပေါက်ဝနားတင်ပဲ ရပ်ကာ"အရာရာတိုင်းအတွက် တောင်းပန်ပါတယ်။ မင်းကျေနပ်အောင် အရာရာ လုပ်ပေးပါမယ်။ ဟိုတယ် ပြန်ရောက်တဲ့ အချိန်အထိတော့ ကိုယ့်မျက်နှာကို မမြင်ချင်လည်း ခဏသည်းခံပေးပါ"
"ရှင်လည်း မိန်းမပဲ၊ မစာမနာ ဒီလိုလုပ်ရသလား၊ ရှင်က မုဒိန်းသမားပဲ၊ ကျမရှင့်ကို တရားစွဲမယ်"
"စွဲပါ၊ ကိုယ်မှားခဲ့တာ ကိုယ်သိပါတယ်၊ အထုတော့ ကိုယ်ယူလာတာလေးတွေ စားလိုက်ပါ ဆေးလည်းသောက်လိုက်ပါ"

YOU ARE READING
အိပ်မက်တို့ အလွန်
Fantasiငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။