မင်းခန့်ပိုင် စိတ်တွေ ဆောက်တည်ရာမရ ဖြစ်နေသည်။ ကိုယ်တိုင်က အမှုမဲ့ အမှတ်မဲ့ စလိုက်တဲ့ ကိစ္စကို ဒီကောင်မလေးက ဘာလို့ စိတ်ဆိုးသွားရတာလဲ။ ဘာပြောပြော.......မပြောသင့်တာကို ပြောလိုက်မိသည့် မိမိအမှားမို့ နောက်တစ်ခါ ဆင်ခြင်ရန်သာ တွေးလိုက်သည်။
ဒီလိုနဲ့ ကားပေါ်တက် ခရီးသည်တွေ စစ်ပြီး ဆဒုန်းရေတံခွန်ကို သွားရန် ပြင်သည်။ ဟို ကောင်မလေး နေရာတွင် ရှိမနေတာကြောင့် ၁၅မိနစ်လောက် စောင့်ကြည့်သည်။ တော်တော်နဲ့ မထွက်လာ။ ဖုန်းခေါ်ကြည့်တော့လည်း မကိုင်တော့။ မင်းခန့်ပိုင် ဟိုတယ်ဧည့်ကြိုဌာနတွင် အခန်း နံပါတ်မေးကာ သွားလိုက်သည်။
အခန်းရှေ့ရောင်သော်
ဒေါက်....ဒေါက်.......ဒေါက်
"ဘယ်သူလဲ။ "
"မင်းခန့်ပိုင်ပါ"
"ရှင် ဘာလာလုပ်ပြန်တာလဲ"
"ခရီးသွားကြတော့မလို့။ မင်းနောက်ကျနေတာနဲ့ အားလုံးက စောင့်နေတာ။ အဲတာ အခုလိုက်ခေါ်တာ၊ ဖုန်းလည်းမကိုင်တာနဲ့"
"မလိုက်တော့ဘူး"
"ဟာ....ဘာလို့လဲ"
"မလိုက်ချင်လို့ပေါ့"
"မဟုတ်သေးဘူးလေ၊ မင်း ကချင်ပြည်နယ်ကို လာတာ အပန်းဖြေဖို့ ခရီးထွက်လာတာ မဟုတ်ဘူးလား"
"ဒါဆို အပြင်မသွားဘဲ ဘာကိစ္စ ဟိုတယ်ထဲ အောင်းနေမှာလဲ"
"အဲ့ဒါ ရှင့်ပယောဂကြောင့်လေ၊ ရှင်နဲ့ တွေ့နေရသ၍ ကျွန်မ စိတ်လည်း အပန်းပြေမှာ မ ုတ်တေ့ဘူး"
"ကလေးမရယ်၊ ဒီကိစ္စကို ကိုယ်တောင်းပန်ပြီးသားပဲ မဟုတ်ဘူးလား"
"တောင်းပန်လိုက်တာနဲ့ ပြီးသွားရောလား"
"အဲ့လိုတော့လည်း မဟုတ်ဘူးပေါ့။ ကိုယ်မှားတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဒီကိစ္စကြောင့်နဲ့ပဲ ခရီးစဥ် တစ်ခုလုံးကို အပျက်ခံတော့မလို့လား"
"ဒါကတော့ ရှင့်အပေါ်မူတည်တာပဲ"
"ဘယ်လို...."
"ရှင် ဟိုကိစ္စကို အစမဖော်နဲ့"
"မဖော်ဘူး ပြောပြီးသားပဲ"
![](https://img.wattpad.com/cover/291293590-288-k672944.jpg)
YOU ARE READING
အိပ်မက်တို့ အလွန်
Fantastikငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။