မနက် ၄နာရီလောက်ကျမှ ကိုယ့်အခန်းကိုယ် ပြန်ရောက်သည်။ ဒါနဲ့လည်း အိပ်မပျော်ပါဘူး။ အပြစ်ရှိတဲ့စိတ်နဲ့ တစ်ညလုံး လူးလိမ့်နေခဲ့တာ။ ဆုံးဖြတ်ချက်တစ်ခုချသည်။ ဒီကောင်မလေးကို နောက်တစ်ခါ ထိခိုက်အောင်မလုပ်တော့။
မနက်၇နာရီ........အိပ်ရာက ထလိုက်သည်။
မနေ့ညက တောင်းလာတဲ့ သော့ကိုယူတာ ရတီဦးအခန်းကို သွားလိုက်သည်။ အိပ်ခန်းထဲမှာ အိပ်နေတုန်းပဲ။ထသင့်နေပြီ။ ခဏနေ ခရီးထွက်ကြတော့မည်။
"ဟေ့၊ ဟေ့ ထတော့၊ ခဏနေ ကားထွက်တော့မှာ"
"အင်း........မထချင်သေးဘူး"
အိပ်ချင်မူးတူးနဲ့
"ထတော့လို့၊ မလိုက်ဘူးလား"
မျက်လုံးဖွင့်လာသည်။
"မလိုက်တော့ဘူး၊ ရှင်လည်းမလိုက်နဲ့"
"ဟုတ်ပြီ"
"ဟာ...ဘာမှ ပြန် ခံမပြောပါလား"
ကျနော် ပြုံးနေလိုက်သည်။
ရတီဦး မျက်နှာသစ် သွားတိုက်ပြီးတော့
"ဒါဏ်ရာသက်သာလား"
"နည်းနည်း"
၂ယောက်ကြား ခဏတာ တိတ်ဆိတ်သွားသည်။
ကျနော် တစ်ခုခု ပြောရမည်။"ရန်ကုန်မုန့်ဟင်းခါးသွားစားကြမလား"
"ဘယ်တော့လဲ"
"မင်းပြီးတဲ့အခါလေ၊ မနက်စာပေါ့။ မုန့်ဟင်းခါး ကြိုက်တယ်မလား"
"ကြိုက်တယ်၊ ဒါဆို ကိုယ်လည်း သွားပြင်လိုက်မယ်၊ မင်းပြင်လို့ ပြီးရင် ဖုန်းခေါ်လိုက်"
"အိုခေ"
-----------------------------------------
တီရှပ် ဖြူဆွတ်ဆွတ်တစ်ထည်၊ အပေါ်က အနက်ရောက် jacket Style pants အနက်၊ black bucket hat နဲ့ Vans sneakers တွဲစီးလိုက်သည်။ မှန်ထဲတွင် ကိုယ့်ဟာကိုယ် ကြည့်လိုက်သည်။ ဒီလောက်ဆို အဆင်ပြေပြီ။
ကားနားတွင် ဆုံကြတော့
ရတီဦးက အဖြူရောင် coatနဲ့ black pants တွဲဝတ်လာတာပဲ။ ဒီလိုလည်း ကျော့ကျော့ကလေး စတိုင်ကျနေတာပဲ။
မင်းခန့်ပိုင် ကားတံခါး ဖွင့်ပေးသည်။
-----------------------------------
မုန့်ဟင်းခါးဆိုင်ရောက်သည်။
"အစုံထည့်မလား"
ဆိုင်ထဲက အပင်သေးသေးကလေးတွေ ငေးနေသော ရတီဦး ကြောင်သွားသည်။"ဟင့်အင်း၊ ငါးဖယ်နဲ့ပဲ"
"မုန့်ဟင်းခါး၂ပွဲ အန်တီရေ"
...........
လာချတော့ အစုံပါနေသည်"ငါးဖယ်နဲ့ပါဆို" ရတီဦး ခပ်တိုးတိုးပြောသည်။
"ဒီမှာက အဲ့လိုမရဘူး၊ မင်းမကြိုက်တာတွေ ကိုယ့်ပန်းကန်ထဲ ထည့်လိုက်ပါ"
"ပေးပေး၊ ကိုယ်ပဲ လုပ်လိုက်မယ်"
ကိုယ့်ပန်းကန်ထဲမှ ကြက်ဥ၊ အကြော်များ သူ့ပန်းကန်ထဲထည့်။ သူ့ပန်းကန်ထဲမှ ငါးဖယ်များ ကိုယ့်ထဲထည့်ကာ အလုပ်များနေသည်။
(အခုကျ ကောင်းပြနေလိုက်တာ) စိတ်ထဲ တွေးနေမိသည်။
မုန့်ဟင်းခါးစားတော့လည်း
အချဥ်ရည်ထည့်ပေးတာက အစ
ငရုတ်သီးထည့်စားတေ့လည်း အများကြီး မထည့်ဖို့ မှာသေးသည်။ ဒီလူ ဘယ်လိုလူလဲ။မနက်စာစားပြီးတော့လည်း စျေးထဲ ခေါ်ပတ်သည်။ ကန်ဘောင်နား သွားထိုင်ကြသည်။ တစ်နေကုန် ကိုယ်လိုချင်တာကို သေသေချာချာ လုပ်ပေးနေသည်။
ဒါက လှည့်စားမှုတစ်ခုပဲလား။
YOU ARE READING
အိပ်မက်တို့ အလွန်
Fantasíaငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။