မင်းခန့်ပိုင် အိမ်ပြန်ရောက် ရေမိုးချိုးပြီး
အလုပ်လုပ်နေတုန်းရတီဦးဆီမှ ဖုန်းဝင်လာပြန်သည်။
ဘာဖြစ်ပြန်ပြီလဲ
-----
ခဏလာခဲ့ပါဘာဖြစ်ပြန်ပြီလဲ၊ အခုအလုပ်လုပ်နေတာ။
အလုပ်ချိန်တွေ မထိခိုက်ရဘူး ပြောထားတယ်မလား။
ခဏလာခဲ့ပေးပါ (ဖျော့တော့နေသောအသံ)
ဘာဖြစ်ရပြန်ပြီလဲ၊ သွားရပေဦးမည်။
------ သူ့အိမ်ကိုရောက်တော့ သော့ခတ်ထားသည်။
ဖုန်းဆက်မေးတော့မှ သော့နေရာသိရသည်။ အထဲဝင်လိုက်တာ့ သေးပေမဲ့ သပ်ရပ်နေတဲ့ အခန်း၊ အပင်ပုစိတွေလဲ ရှိနေသည်။ဧည့်ခန်းတွင် လူမရှိ။ အိပ်ခန်းဖြစ်ပုံရသော တံခါးကို ခေါက်လိုက်တော့
-------
ဝင်ခဲ့
(အထဲဝင်တော့ အိပ်ရာပေါ် ခွေခွေလေး လှဲနေသည်၊ အနားကပ်သွားတော့ မျက်နှာက ဖြူနေပြီ)ဘာဖြစ်လို့လဲ
ကျမ ဗိုက်တအားနာလို့
အခုဘာလုပ်ချင်လဲ
အကိုက်အခဲပျောက်ဆေးဘာညာ တခုခု ဝယ်ပေးပါလား။
ဘာဖြစ်လို့ ဗိုက်နာမှန်းမသိဘဲနဲ့ အဲ့လိုမသောက်ရဘူး။
မနက်ကအစပ်တွေစားလို့ ဖြစ်တာ ဒီလိုဖြစ်နေကျပဲ ဝယ်ပေးစမ်းပါ
-------
(ဒီကောင်မလေး ဘယ်လိုတွေ နေနေတာလဲ)ဆေးဝယ်ရင်း ပေါင်မုန့်ပါဝယ်လာသည်။
ပေါင်မုန့်ကျွေးပြီးမှ ဆေးတိုက်လိုက်သည်။
ဆေးအရှိန်ကြောင့် ထင်သည်။ တနာရီလောက် အိပ်ပျော်သွားသည်။
နှိုးလာတော့
--------
မပြန်သေးဘူးလားအင်း စိတ်မချလို့၊ အခုသက်သာပြီလား
နည်းနည်းအဆင်ပြေပြီ၊ ရှင့်ကိုအလုပ်ချိန်မှာ ခေါ်ရတာ ဆောရီးပါ။
မင်းနေမကောင်းလို့ ခေါ်တာပဲ။ အခုအဆင်ပြေတယ်ဆို ပြန်တော့မယ်။
ခဏလောက် ထပ်နေပေးလို့ မရဘူးလား။
ဘာဖြစ်လို့လဲ။
ကျမ--------ရပြီ ပြန်လိုက်တော့။ (ရှိုက်ဝင်သွားတဲ့ အသံ)
မနက်ကတည်းက မင်းမူပျက်နေတာ ကိုယ်သတိထားမိတယ်။ ဘာဖြစ်လို့လဲ ပြောပြမလား။ အဲ့ဒါဆို ကိုယ်နေပေးမယ်။
(တွေဝေနေဟန်ဖြင့်)
မနက်က............ကျမမွေးနေ့ တယောက်တည်း ဘုရားမသွားချင်လို့ ရှင့်ကို ခေါ်လိုက်တာ၊ ဘုရားပေါ်မှာ ဖြတ်သွားတဲ့ အတွဲက
ဟို ကိုကိုနဲ့ သူ့ကောင်မလေး။
ပြီးတော့ သူက ကျမမွေးနေ့ဆို အလုပ်မအားဘူးဆိုပြီး တခါမှ အတူရှိတာမဟုတ်ဘူး။
အခုကျတော့ တခြားကောင်မလေးနဲ့ ဘုရားလာတယ်။ ကျမကတော့ rapistနဲ့ အတူလာနေရတယ်။
(Rapist, Rapist, oh I am a fucking rapist to the girl I love)
မင်းကို ကိုယ်နှစ်သိမ့်ချင်ပေမဲ့ ကိုယ်က Rapist တယောက်ဆိုတော့ ဘာပြောရမယ် မသိဘူး။ ဒါပေမဲ့လေ သူက မင်းကိုကို မဟုတ်တော့ဘူး။ ဘာကြောင့် ငါ့ကျတော့ လုပ်မပေးတာလဲလည်း တွေးမနေနဲ့။ အချစ်ဆိုတာ ချစ်ချင်တဲ့လူကို ချစ်ချင်သလို ချစ်သွားနိုင်တယ်။ ငါတို့မှာ ရွေးချယ်ခွင့် မရှိဘူး။
----------
----------အခု ငါ မင်းကို ချစ်မိနေသလိုပဲ
(ရတီဦး နာကျင်စွာ ပြုံးသည်။ )
အချစ်လား.....ကျမ နာကျင်ခဲ့ပြီးပြီ၊ မယုံတော့ဘူး။ ကျမကို ချစ်တယ်ဆိုပြီး သူတို့လုပ်ချင်တာတွေ လုပ်ပြီး နာကျင်အောင် လုပ်သွားကြတာပဲ။
မင်း ငါ့ကို ပြန်ချစ်စရာမလိုဘူး။ ငါက မင်းရဲ့ rapist မို့။ ဒါပေမဲ့ ငါ့ကို ချစ်ခွင့်ပေး။ မင်းမကြိုက်တာ ငါမလုပ်ဘူး။ မင်းနာကျင်ရမဲ့ အရာတွေပေါ့။
ဘာဖြစ်လို့ ကျမက ရှင့်စကားကို ယုံရမှာလဲ။
မင်းအနားမှာ အခုဘယ်သူမှ မရှိဘူးမလား။
အနည်းဆုံးတော့ ငါက မင်းခေါ်ရင်လာပြီး မင်းပြန်ဆို ပြန်မှာပဲ။ မင်း အသုံးချလို့ရတဲ့ လူတယောက်ရတာပေါ့။
YOU ARE READING
အိပ်မက်တို့ အလွန်
Fantasyငယ်ငယ်ကတည်းက ယောက်ျားဘဝကို လိုချင်ခဲ့တဲ့သူရဲ့ ဆုတောင်းတွေ တကယ်ဖြစ်လာမလား။