အပိုင်း(၃)

1.9K 283 12
                                    

Unicode

(မင်းဘာလို့စကားနားမထောင်ရတာလဲ)

တင်းရွှယ်ရွိန့်သည် အိမ်မှအစောတလျင် ထွက်ခွာလာခဲ့ရပြီး တောင်ပိုင်းမှမြောက်ပိုင်းသို့ လာခဲ့ရသောကြောင့် အဝတ်အစားအနည်းငယ်မှလွဲ၍ ပစ္စည်းများများစားစားမပါလာခဲ့။ တင်းကျိုးဝမ်ကတော့ သူ(တင်းရွှယ်ရွိန့်)အဆောင်သို့ရောက်သည်အခါ ဆောင်းတွင်းဝတ်သည့်အဝတ်အစားများ ပို့ပေးလိုက်မည်ဟု ပြောခဲ့၏။

သူသည် ဆေးများကိုပင်မယူလာခဲ့ပေ။

သူနေသည့်အဆောင်သစ်သို့ ပြန်ရောက်သောအခါတွင် အခန်းထဲ၌ အမှန်ပင် မည်သူမျှရှိမနေပေ။ ပြောင်းသွားသောစီနီယာပြောခဲ့ပုံအရ ဤအခန်းသည် သူ၏ကိုယ်ပိုင်အခန်းဖြစ်လာတော့မည်ထင်သည်။

သူရေပူဖြင့်ရေချိုးလိုက်သည်။ရေချိုးခန်းထဲမှထွက်လာသောအခါ သူ့ဆံပင်ပင်အခြောက်မခံရသေး လျှပ်စစ်မီးကရုတ်တရက် ပျက်တောက်သွားလေသည်။

တင်းရွှယ်ရွိန့်သည် သူ့အား အဆောင်ကြီးကြပ်ရေးမှူးပြောခဲ့သည်ကို သတိရသွား၏။
"အဆောင်အဝင်အထွက်ကို ၁၁နာရီမှာပိတ်တယ်။ လျှပ်စစ်မီးကို ၁၂နာရီမှာဖြတ်တယ်။ မင်းအိမ်စာတွေလုပ်ချင်သေးရတော့ ပထမထပ်ကိုလာပြီးလုပ်လို့ရတယ်။ ပထမထပ်မှာက တစ်ညလုံးလျှပ်စစ်မီးဖွင့်ပေးထားတဲ့ စာကြည့်လို့ရတဲ့အခန်းရှိတယ်။"

သူအဝတ်အစားလဲပြီးနောက် ပထမထပ်ရှိစာကြည့်ခန်းသို့ သွားလိုက်သည်။ မမျှော်လင့်စွာပင် စာကြည့်ခန်းသေးသေးလေးထဲတွင် ထိုင်၍စာလုပ်နေသော လူအများအပြားရှိနေလေသည်။ အခန်းထဲတွင်တိတ်ဆိတ်နေပြီး ဘောပင်နှင့် စာရွက်တရွှမ်းရွှမ်းလှန်သံများကိုသာ ကြားရပေသည်။

ညမနက်ခင်တွင် အဆောင်မှူးကလူတိုင်းကို အချိန်သတိပေးရန် စာကြည့်ခန်းအပေါက်ဝသို့ ရောက်လာ၏။
"ကျောင်းသားတို့ စောစောအနားယူကြ။ မင်းတို့အခု အိမ်စာတွေမပြီးသေးရင်လည်း အတန်းထဲစောစောသွားပြီး ဆက်ရေးကြ"

တင်းရွှယ်ရွိန့်သည် ကျောင်းပိတ်ရက်များတွင် နောက်အကျဆုံး၁၂နာရီအထိနေပြီး အိပ်ယာဝင်လေ့ရှိသည်။ သို့သော် အရင်အပတ်သောကြာနေ့က ခြောက်ဘာသာမြောက်ဆရာမှ ထပ်ရမည်ဟု သူ့အတန်းဖော်ကပြောထားသောအိမ်စာကို သူမပြီးသေးပင်။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Where stories live. Discover now