အပိုင်း (၄၈)

1.1K 155 8
                                    

Unicode

                 …………………..

သူတို့မေးခွန်းတစ်စုံလုပ်ပြီးကြပြီးနောက် လော်ချန်က တင်းရွှယ်ရွိန့်ကိုအိပ်ဖို့အတွက် ဖက်လိုက်ကာ ခါးက အမာရွတ်ကိုထိကြည့်လိုက်သည်။

တင်းရွှယ်ရွိန့်ပြောပြပုံအရ ထိုအရာက ခွဲစိတ်ရာမှရခဲ့သည့် ဒဏ်ရာဖြစ်သည်ဟုပင်။

ရလဒ်အနေနဲ့ကတော့ လော်ချန်ထိကြည့်လိုက်သည့်အချိန်တိုင်း တင်းရွှယ်ရွိန့်ရဲ့ဒဏ်ရာဟောင်းကို ပိုမိုထိခိုက်စေမိသွားမှာကို ကြောက်တာကြောင့် အားများများမသုံးရဲခဲ့ပေ။ လာမည့်ရက်အနည်းငယ်အတွင်းတွင် တင်းရွှယ်ရွိန့်အမေနှစ်ပတ်လည်နေ့ ရောက်လာတော့မည်ဖြစ်သည်။ လော်ချန်ပြောနိုင်သည်က တင်းရွှယ်ရွိန့်ရဲ့အပြုံးတွေ လျော့နည်းသွားသည်ကိုပင်။ သူက တင်းရွှယ်ရွိန့်အမေနှင့်ပတ်သတ်သည့် ကိစ္စတွေကို အစဖော်မိသွားမှာကို စိုးရိမ်နေ၏်။ တင်းရွှယ်ရွိန့်က သူ့အမေအုတ်ဂူကို သွားမည်ဆိုသည့်အခါတွင် လော်ချန်တစ်ယောက် မမေးမိဖို့မထိန်းထားနိုင်တော့ပေ။
“ရွိန့်ရွိန့် မင်းကိုယ့်ကို မင်းနဲ့အတူလိုက်စေချင်လား။”

တင်းရွှယ်ရွိန့်က ခဏတွေသွားကာ ခေါင်းခါပြပြီး “ငါ့ဘာသာပဲသွားလိုက်မယ်။”

“ဒါဆို ကိုယ်မင်းကို အဲဒီကိုလိုက်ပို့ပေးပြီး အပြင်ဘက်ကနေစောင့်နေပေးမယ်။”

တင်းကျိုးဝမ်က သူ့ဇနီးအပေါ်သစ္စာရှိမှုကို စောင့်ထိန်းရန်အတွက် အရိုးပြာအိုးကို သိမ်းထားခဲ့ပြီး သူတို့လက်ထပ်လက်စွပ်နှစ်ကွင်းကို မြှုပ်နှံဖို့အတွက် အုတ်ဂူတစ်နေရာစာကိုပါ ဝယ်ထားခဲ့လေသည်။

သူက နှစ်တိုင်းထိုအချိန်ရောက်လျှင် နေထွက်သည်မှနေဝင်သည်အထိ အုပ်ဂူအရှေ့တွင် မတ်တပ်နေလိမ့်မည်။ သူ့ဇနီးက စကားမပြောနိုင်တာကြောင့် တင်းကျိုးဝမ်က သူ့ဇနီးအုပ်ဂူအရှေ့တွင်တစ်ခါမှ စကားမပြောခဲ့ပေ။ ထို့ကြောင့် သူမတ်တပ်ရပ်၍သာနေ၏။ ထာဝရရှင်သန်နေသော သစ်ပင်တစ်ပင်ကဲ့သို့ပင်။

တင်းရွှယ်ရွိန့်လည်း ထို့နည်းတူပင်။ သူက နေ့လယ်လောက်မှာ လော်ချန့်ကို အရင်ပြန်နှင့်ဖို့ မက်ဆေ့ပို့လိုက်ပေမဲ့ လော်ချန်ကတော့ငြင်းဆိုကာ သူ့ကိုစောင့်နေမည်ဟုပြောလာသည်။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ