အပိုင်း(၁၉)

1.3K 213 17
                                    

Unicode

......ရှောင်တင်း မင်းငါနဲ့အတူရှိနေဦးမှာလား?.....

လော်ချန်ဖုန်းကိုင်ထားရင်း သေလောက်အောင် စိတ်ပူနေပြီဖြစ်သည်။
"သူအဖြေတွေကို ဝယ်ခဲ့တာမဟုတ်ဘူး။ ကူးပဲကူးတာ။ သူ့မှာအပြစ်မရှိဘူး။"

ဖုန်းထဲတွင် လော်ချန်ပြောနေတာတွေက ဟုတ်လား မဟုတ်လားကို ယွဲ့ရန်မသိသလို ဘာတွေဖြစ်နေခဲ့တယ်ဆိုတာကိုလည်း မသိခဲ့။ သို့သော် လော်ချန်ရဲ့ စိတ်လှုပ်ရှားနေတဲ့အသံကို နားထောင်ခြင်းအားဖြင့် လော်ချန်တစ်ယောက် သူ့ခုံတွဲဖက်ကိုကြိုက်နေတာလားလို့တောင် သူမ သံသယဝင်မိသည်။

"ဒီလိုအခြေအနေမှာ အရမ်းစိတ်မလှုပ်ရှားနဲ့။ အားလုံးအသစ်ပြန်စဖို့ အခွင့်အရေးရှိပါသေးတယ်။ သားခုံတွဲဖက် ကျောင်းအုပ်ကြီးရုံးခန်းကနေ ထွက်လာတာကိုစောင့်။ ပြီးမှ အခြေအနေကိုမေးကြည့်ပေါ့။ မား ကျောင်းအုပ်ကြီးဆီ ဖုန်းမဆက်တော့ဘူး။ ခဏနေရင် အတွင်းရေးမှူးကိုလွှတ်လိုက်မယ်။"

လော်ချန့်စိတ်ထဲတွင် ဘာမှမရှိတော့။ သူနှင်းတွေကျနေတဲ့ ကောင်းကင်ကျယ်ကြီးကိုကြည့်လိုက်ပြီး ကြည့်ကောင်းအောင်သာ ပြန်ပြောလိုက်သည်။

သူကျောင်းအုပ်ကြီးရုံးခန်းတံခါးဝဆီ လျှောက်သွားလိုက်ပြီး ကြောင်စီစီနှင့်
စောင့်နေလိုက်သည်။

ရုံးခန်းထဲတွင် တင်းရွှယ်ရွိန့်တစ်ယောက် ဘာသာရပ်အားလုံး၏ အဓိကမေးခွန်း တွေပါသော စာမေးပွဲမေးခွန်းကို တစ်နာရီခွဲအကြာတွင် ဖြေလို့ပြီးသွားလေသည်။ အချို့ပုဒ်စာတွေက အရမ်းခက်လွန်းသည်။ ပုံမှန်အားဖြင့် ပုဒ်စာအသေးလေးတစ်ပုဒ်တောင်ဖြေရှင်းဖို့ တစ်နာရီကြာနိုင်သည်။ သာမန်ကျောင်းသားတစ်ယောက်ဆိုရင် ဒီလိုပုဒ်စာမျိုးကို နားလည်နိုင်မှာတောင်မဟုတ်ပေ။

တင်းရွှယ်ရွိန့်ရေးလို့ပြီးနောက် အကြမ်းစာရွက်၏ တစ်ဝက်ကိုသာသုံးရသေးပြီး စာရွက်ထဲတွင်လည်း ရှင်းလင်းနေပေသည်။

စစ်ဆေးရေးမှူးက အ​ဖြေစာရွက်ကို ကောက်ယူလိုက်ပြီး ရုံးအိတ်ထဲမှ သက်ဆိုင်ရာ အဖြေတွေကိုထုတ်ကာ တစ်ပုဒ်ချင်းစီ တိုက်စစ်ကြည့်လိုက်သည်။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Where stories live. Discover now