အပိုင်း (၄၉)

967 131 11
                                    

Unicode

.....ဒဏ်ရာတွေ ယူပစ်သလိုပျောက်သွားစေ...

လူအတော်များများက အချင်းချင်းတစ်ချက်ကြည့်လိုက်ကြပြီး အခုချက်ချင်းထွက်ပြေးရန်လည်း တုံ့ဆိုင်း​ေနပုံပေါက်နေကြသည်။

ထိုအချိန်တွင် ကားနောက်ခန်းတံခါးက ရုတ်တရက်ဆိုသလို ပွင့်လာလေသည်။ ကားပေါ်မှဆင်းလာသောသူက ဦးခေါင်းသေးသေးနှင့်ငယ်ရွယ်ပုံပေါက်ပြီး လက်ထဲ၌ဓားတစ်ချောင်းကိုကိုင်ထားကာ တင်းရွှယ်ရွိန့်ကိုသုန်သုန်မှုန်မှုန် ကြည့်လာသည်။

ထိုလူကိုတွေ့သည့်အခါ တင်းရွှယ်ရွိန့်မျက်ဝန်းအိမ်တို့ ကျုံ့သွားခဲ့သည်။ သူက ထိုလူယခုလို စောစီးစွာဆင်းလာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ လက်ဖျံတစ်ခုစာ ဓားတစ်ချောင်းကိုင်ထားသော ထိုသူ့ကိုကြည့်ရင်း လော်ချန်တစ်ယောက် ချက်ချင်းဆိုသလို သတိကြီးကြီးထားလိုက်ပြီး တင်းရွှယ်ရွိန့်ကိုတင်းတင်းကြပ်ကြပ် ကာထားလိုက်လေသည်။

သို့ပေမဲ့တင်းရွှယ်ရွိန့်က သူ့ပုခုံးတွေကိုလှမ်းဆွဲလိုက်ကာ ဘေးသို့တွန်းလိုက်ပြီး ခပ်တိုးတိုးပြောလာသည်။
"သူ့မှာဓားတစ်ချောင်းပဲရှိတာ။ သူ့ဘေးကဆိုင်ကယ်က စက်မရပ်သေးဘူး။ မင်းအဲဒီဆိုင်ကယ်ကိုစီးပြီး ပြေးလို့ရတယ်။"

လော်ချန်က မလှုပ်မယှက်ရှိနေ၏။ သူ့မျက်လုံးတွေကလည်း ခက်ထန်နေ၏။ ဓားကိုသာ အသေအချာကြည့်နေပြီးနောက် အရမ်းကို ပေါ့ပါးသောလေသံဖြင့်
"အဲဒါကဓားလေးတစ်ချောင်းပဲမဟုတ်ဘူးလား။ ရွိန့်ရွိန့် မင်းခဏနေကျရင်ရင်ပုန်းနေ။"

အနီးအနားတွင် လမ်းသွားလမ်းလာတွေနှင့်ဈေးဆိုင်တွေအများကြီးရှိပေမဲ့ ရန်ပွဲဖြစ်ကြသည့်အခါတွင်တော့ တစ်ယောက်မှအနားမကပ်ရဲကြပေ။ ထိုရန်ပွဲက သာမန်ကျောင်းသားတွေဖြစ်တတ်သည့် ရန်ပွဲမျိုးဖြစ်ပုံမပေါ်တာကြောင့်လည်းဖြစ်မည်။

တစ်ယောက်ကတော့ ရဲကိုအကူအညီတောင်းဖို့ဖုန်းဆက်လိုက်၏။

"ဒါကငါ့ကိစ္စ။" တင်းရွှယ်ရွိန့်က လော်ချန့်ကိုတွန်းလိုက်ရင်း ဓားနှင့်လူအားပြောလိုက်၏။
"မင်းကထောင်ကထွက်လာပေမဲ့ သင်ခန်းစာကောင်းကောင်းမရသေးဘူးထင်တယ်။ မင်းက ထောင်ထဲကို ထပ်ပြီးသွားချင်နေတာလား။"

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora