အပိုင်း(၁)

6.1K 411 22
                                    

Unicode

"လေးစားရပါသောကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ ကျွန်တော်သည်ကျွန်တော့်၏အမှားကို လေးလေးနက်နက် နားလည်ခဲ့ပါပြီ။ ကျွန်တော်နောက်ထပ် ဘယ်တော့မှ
အမှားထပ်မလုပ်ဖို့ကတိပြုပါသည်။ကျွန်တော်......"

လော်ချန်၏ပြန်လည်သုံးသပ်စာသည်အကောင်းဆုံးအပိုင်းသို့ရောက်တော့မည့်အချိန်တွင် တစ်ဝက်ဟထားသောကျောင်းအုပ်ကြီးရုံးခန်းတံခါးသည် ရုတ်တရက် တွန်းဖွင့်ခြင်းခံလိုက်ရ၏။

" ကျောင်းအုပ်ကြီးကျွန်တော်ကျောင်းပြောင်းကျောင်းသားရဲ့ဖိုင်တွေကိုဖတ်ပြီးသွားပြီ။ပြစ်မှုကနည်းနည်းတော့ဆိုးတယ်မလား။သူ့ကိုကျွန်တော်တို့အတန်း(၄)မှာထပ်ပြီးထား......"

သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဖားဖိုပျက်ကြီးတစ်ခုမှထွက်လာသော ခပ်အက်အက်အသံမျိုးဖြင့်
ပြောလာခဲ့သည်။

ထိုလူမှာဆရာသုံ့ဖြစ်၏။
ဆရာသုံ့သည်အလုပ်အရမ်းကြိုးစားသူဖြစ်ပြီးငယ်ရွယ်စဥ်အခါက လည်ချောင်းအမြှေးပါးတွင် အဖုကလေးများရှိခဲ့သည်။ခွဲစိတ်ပြီးနောက်ပိုင်းတွင် သူ၏အသံမှာယခုကဲ့သို့ခပ်အက်အက် ဖြစ်လာခဲ့ပေသည်။သူသည်စကားကိုခပ်အက်အက်ပြောရုံသာမက အမြဲတမ်းလည်း
ချွဲသလိပ်ထပြီးချောင်းဆိုးတတ်လေသည်။

သူအထဲဝင်လာပြီးနောက် ကျောင်းအုပ်ကြီးရုံးခန်းတွင်အားကစားအက်ျီဝတ်ထားပြီးချိုင်းထောက်တွေကိုမှီထားသော အရပ်ရှည်ရှည်ကျောင်းသားတစ်ယောက်ကိုသတိပြုမိလိုက်သည်။

ကျောင်းအုပ်ကြီးထိုင်သောအနက်ရောင်ရုံးထိုင်ခုံပေါ်တွင် မည်သူမျှမရှိပေ။

"မင်းကဒီမှာဘာလုပ်နေတာလဲ။ကျောင်းအုပ်ကြီးကျိုးကဘယ်မှာလဲ"

ဆရာသုံ့သည်ဖိုင်များကိုသယ်ရင်း
လော်ချန်ဆီသို့လျှောက်လာခဲ့သည်။

"အိုး ခုနလေးတင်ပဲ ဒါရိုက်တာရောက်လာလို့ သူအပြင်ထွက်သွားတယ်။ ကျွန်တော့်ကိုဒီမှာပြန်လည်သုံးသပ်စာ ဖတ်ခိုင်းထားခဲ့တာ။ဖတ်ပြီးရင်သွားလို့ရပြီလို့ပြောသွားတယ်"

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora