အပိုင်း (၄၇)

1.2K 178 5
                                    

Unicode

     ……….ရင်းနှီးကျွမ်းဝင်သော……

T/N :warning ပိစိလေးပါပါမယ် 🙃

လော်ချန်တစ်ယောက် ဖြေရှင်းချက်တစ်ခုမှထွက်မလာနိုင်ဘဲ ရိုးသားစွာ ဝန်ခံလိုက်သည်။
“ကိုယ်မင်းကိုသဘောကျတယ်။ ကိုယ် မင်းနဲ့….ပိုကောင်းတဲ့ဆက်ဆံရေးဖြစ်လာချင်လို့။”

သူတိတ်တိတ်လေး ထိုဘူးအနည်းကိုဝယ်လာခဲ့သည်က အခြားဘာရည်ရွယ်ချက်မှတော့မရှိခဲ့။ အကယ်၍များ အရေးပေါ်ဖြစ်ခဲ့ရင်ဆိုပြီး သူဝယ်ခဲ့တာဖြစ်ကြောင်း ဖြေရှင်းချက်ပေးလိုက်သည်။ သွားဝယ်ခဲ့သည့်အချိန်က စူပါမားကတ်က သူ့ကိုဝယ်ယူခွင့်မပြုခဲ့မှာကိုတောင် သူမစိုးရိမ်ခဲ့ပေ။ ခုလိုပထမဆုံးနေ့မှာတင် မိသွားလိမ့်မယ်လို့တော့ သူမမျှော်လင့်ထားခဲ့။

တင်းရွှယ်ရွိန့်လည်း အတိုက်အခံမလုပ်တော့ပေ။ တစ်ချို့အရာတွေက ချုပ်တည်းထားလို့မရနိုင်မှန်း သူသိခဲ့တာကြောင့်ဖြစ်သည်။ အထူးသဖြင့် စိတ်ဓါတ်ကျမှုပင်။ ဖိနှိမ်ချုပ်တည်းထားခြင်းက လူတွေအား ပိုပြီး စိတ်ဓါတ်ကျမှုကို ဦးတည်စေနိုင်လေသည်။ သို့သော်လည်း လော်ချန့်အမှတ်တွေက…..စာလုပ်ဖို့လိုနေသေးပြီး အာရုံထွေပြားစေလို့မဖြစ်။

ထိုပစ္စည်းတွေကိုအနောက်တွင်ဖွက်ထားပြီး ရှက်ကိုးရှက်ကန်းဖြစ်စွာ အောက်ငုံ့ကြည့်နေသော လော်ချန့်ကို ကြည့်ရင်း တင်းရွှယ်ရွိန့်တစ်ယောက် လော်ချန်ရဲ့နွေရာသီဝတ်တွေအပြည့်ထည့်လာသော ခရီးဆောင်အိတ်အရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူခရီးဆောင်အိတ်ပေါ်မှီလိုက်ပြီး လော်ချန့်နဖူးကိုနမ်းလိုက်ကာ နူးညံ့စွာမေးလိုက်သည်။
“ဒီနည်းလမ်းက အရမ်းမကောင်းဘူးမလား။”

လော်ချန်က သူ့ရဲ့မျက်ဝန်းနက်နက်တွေထဲ ကြည့်လာပြီး ရူးကြောင်ကြာင်နိုင်စွာ မျက်တောင်တဖျက်ဖျက်ခတ်ရင်း
“အဲဒါက အရမ်းကောင်းတဲ့ဟာကို….”

တင်းရွှယ်ရွိန့်က ညဘက်တွင် လော်ချန့်ကို စာသင်မလို့ပေမဲ့ လျှပ်စီးလမ်းကြောင်းအတွင်းရှိ ဆာ့ကစ်လောင်သွားမှုကြောင့် ရုတ်တရက်ဆိုသလို လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့လေသည်။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin