အပိုင်း(၁၆)

1.1K 227 12
                                    

Unicode

....အတန်းအားလုံးထဲက အမှတ်ပြည့်....

ရုံးခန်းထဲကထွက်လာသော ကျောင်းသားက အမောတကောဖြင့် ပြောလာသည်။
"အဆင့်တွေ အဆင့်သတ်မှတ်ချက်တွေ ထွက်လာပြီ...."

"ဘယ်မှာလဲ။ ဘယ်မှာလဲ။"

အခြားကျောင်းတက်ရက်တွေမှာ အမြဲတည်ငြိမ်နေလေ့ရှိသည့် ထိပ်တန်းကျောင်းသားများတောင်မှ ယခုလိုကြားလိုက်ရသည့်အခိုက်အတန့်တွင် မတည်ငြိမ်နိုင်ကြတော့။ အားလုံး မတ်တပ်ရပ်သူကရပ် ခြေဖျားထောက်ကြည့်သူကကြည့်နှင့် ဖြစ်ကုန်ကြသည်။

"အဆင့်တစ်က ဘယ်သူလဲ။"

"အားး ငါအမှတ်ဘယ်လောက်ရလဲဆိုတာ တစ်ယောက်ယောက်များ ကူမကြည့်ပေးနိုင်ကြဘူးလား!!!"

"စာရင်း။ စာရင်းကအခုထိပရင့်မထုတ်ရသေးဘူး။ ငါရုံးခန်းထဲမှာ ဖတ်လာတာ။ ဆရာသုံ့ကွန်ပျူတာထဲမှာ အဆင့်ထုတ်ထားတာတွေရှိတယ်။ သွားကြည့်ကြရအောင်။"

အတန်းတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြင့် ရုံးခန်းတံခါးဆီသို့ အပြေးအလွားချီတက်ကြ၏။ အခြားအတန်းတွေကလည်း ထိုသတင်းကိုကြားသည်ထင် အုံလိုက်ကျင်းလိုက် ကသုတ်ကရိုက်ဖြင့် ရုံးခန်းသို့ ရောက်လာကြသည်။ သို့သော်လည်း ရုံးခန်းတွင် နေရာအလုံအလောက်မရှိတာကြောင့် လူတိုင်းက ရုံးခန်းတံခါးနားတွင် ရုတ်စုရုတ်စုဖြစ်ကုန်ကြသည်။ ထိုခဏ၌ ယခင်ကတိတ်ဆိတ်နေသော ရုံးခန်းက ဟင်းရွက် ကန်စွန်းစျေးလို အသံမျိုးစုံနှင့် ကြွပ်ကြွပ်ညံသွား၏။

အော်သံများနှင့် ဆူညံနေပြီး
"XXX ငါ့အမှတ်ဘယ်လောက်ရလဲ။ ငါ့အဆင့်ကကော?"

"တစ်ဆယ့်ငါး? အတန်းလိုက်အဆင့်ကကော? ဘယ်လောက်များလဲ။ မြန်မြန်လေး! ငါ့ပြောပြစမ်းပါ။ ငါအရမ်းတွေစိတ်လှုပ်ရှားနေပြီ!"

အတန်းထဲရှိ ကျောင်းသားအားလုံးနီးပါး ထွက်လာခဲ့ကြပြီး ကျိုးတို့ကျဲတည်း ကျောင်းသားအနည်းစုသာ အနောက်တွင်ကျန်ခဲ့ကြ၏။ တင်းရွှယ်ရွိန့်ကတော့ သူ့အဆင့်တွေကိုအကြမ်းဖျင်း ခန့်မှန်းထားမိတာကြောင့် အခြားလူတွေလိုရင်မခုန်တော့။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang