အပိုင်း(၃၀)

1.2K 205 14
                                    

Unicode

     ..... သွားပြီ ကွေးသွားပြီ....

“…..ဟမ်” လော်ချန့်နှလုံးသားလေး အထိတ်တလန့် ခုန်သွားပြီး မျက်နှာကလည်း ချက်ချင်းဆိုသလို နီရဲသွားလေသည်။ သို့သော်လည်း သူ့ရဲ့ပထမဆုံးတုန့်ပြန်ချက်က ထင်ထားသလိုမဟုတ်ခဲ့။
“သေစမ်း မင်းလည်း အဲဒီလို ထင်နေတယ်လား။”

သူကဘယ်လိုတောင် အရမ်းပွင့်လင်းနိုင်ရတာလဲ။ တင်းရွှယ်ရွိန့်ကတော့ တစ်ခုခုမှားနေတယ်လို့ ဆက်တွေးနေပုံရပြီး သူ့ကိုတိတ်တဆိတ်ကြည့်လာသည်။

နှစ်မိနစ်လောက်အကြာတွင်တော့ လော်ချန်က အပြစ်ရှိတယ်လို့ခံစားရပြီး သူ့ခေါင်းကိုသူထိကာ ပြောလိုက်သည်။
"ကောင်းပြီ မင်းသေချာထပ်ပြီးကြည့်ကြည့်…..ငါဂေးမဟုတ်ဘူး။ အဲဒီအကြောင်း အများကြီးမတွေးနဲ့ ရွိန့်ရွိန့်"
သူကဒီခုံတွဲဖက်ကို သဘောကျတယ်လို့တွေးခဲ့မိပေမဲ့ ရှောင်တင်းပြောသည့် ကြိုက်တယ် ဆိုတဲ့သဘောမျိုးနှင့်တော့ လုံးဝကိုမတူပေ။

တင်းရွှယ်ရွိန့်ရဲ့ တုန့်ပြန်မှုကတော့ အတော်လေး ပုံမှန်ဖြစ်သည်။ ထိုသူကပြုံးပြီး ပြောလာ၏။
“မင်းကငါ့အပေါ်အရမ်းကောင်းလို့ ငါအထင်မှားသွားတာဖြစ်မယ်။”
သူကလော်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး “ငါထင်သလို မဟုတ်တဲ့ပုံပဲ။”

လော်ချန်ရဲ့ ခပ်တုံးတုံးဦးနှောက်က ချက်ချင်းဆိုသလို  တင်းရွှယ်ရွိန့်စကားတွေကို နားလည်လိုက်သည်။ တင်းရွှယ်ရွိန့်ရဲ့ မဟုတ်ဘူးဆိုတာက  သူကလည်းဂေးမဟုတ်ဘူးလို့ဆိုလိုတာမလား။

သူရုတ်တရက် ပျာယာခတ်သွားပေမဲ့ အေးစက်စက်ပြုံးလိုက်သည်။
“မင်းလည်းအဖြောင့် ပြီးတော့ ငါလည်းအဖြောင့် ဒါကြောင့်မို့ ငါတို့တွေ သူငယ်ချင်းကောင်းတွေဖြစ်နိုင်တယ်။”

တင်းရွှယ်ရွိန့်က မျက်လုံးတွေမှိတ်သည်အထိ ပြုံးလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။
“လော်ချန် မင်းရဲ့မွေးနေ့လက်ဆောင်အတွက်ကျေးဇူးပဲ။ ဒါပေမဲ့ ငါသကြားလုံးအများကြီးတော့ မယူနိုင်ဘူး။ ငါတကယ်ကို အသိအမှတ်လည်းပြုတယ်။ ကျေးဇူးလည်းတင်တယ်။”

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)حيث تعيش القصص. اكتشف الآن