အပိုင်း(၁၈)

1.2K 220 15
                                    

Unicode

.......စာနတ်ဘုရားရဲ့စွမ်းရည်အစစ်........

ပထမဆုံးအနေနဲ့ လုံခြုံရေးကင်မရာတွေကနေတစ်ဆင့် စစ်ဆေးပြီးနောက် အတန်းထဲက စာမေးပွဲ အခန်းစောင့်ဆရာတွေနှင့်ဆွေးနွေးမှုလုပ်ကာ အကြမ်းစာရွက်ကိုစစ်ဆေးပြီး နောက်ဆုံးတွင်မှ ကျောင်းသားကိုခေါ်မေးရမှာဖြစ်သည်။

ကျောင်းအုပ်ကြီးက အဲဒီနေ့ကအခန်းစောင့်ဆရာတွေကို ခေါ်လိုက်ပြီး လက်ထောက်စစ်ဆေးရေးမှူးကိုကူပြီး မော်နီတာကိုမြန်မြန်နှင့်သေချာကြည့်ဖို့အတွက် ဆရာသုံ့ကိုပါခေါ်လိုက်သည်။ မော်နီတာတွင်ပြသည်က တင်းရွှယ်ရွိန့်က တစ်ချိန်လုံးစာရေးနေပြီး သူ့လက်နှစ်ဖက်စလုံးကလည်း စားပွဲပေါ်မှာပင်။ ထိုအပြင် အင်္ကျီလက်တွေကိုလည်း အပေါ်တင်ထားပြီး လက်တွင် နာရီတစ်လုံးသာ ဝတ်ဆင်ထားသည်။

လျှိုကျုံးအထက်တန်းကျောင်း၏ ကင်မရာတွေက အလွန်အရည်အသွေးမြင့်၏။ ချဲ့ကြည့်လိုက်မယ်ဆိုရင် သူဘာလုပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

တင်းရွှယ်ရွှယ်က အရမ်းကိုပုံမှန်အတိုင်းဖြစ်နေပေမဲ့ သူ့ဘေးကကျောင်းသားကတော့.....

စစ်ဆေးရေးမှူးက screenကို ညွှန်ပြလိုက်ပြီး
"ဒီကျောင်းသားကဘယ်သူလဲ။ နောက်ပြီး သူကဘာလုပ်နေတာလဲ။"

သူလော်ချန်ကို လက်ညှိုးထိုးပြလိုက်သည်။

"သူကနေမကောင်းနေတာ"
ကျောင်းအုပ်ကြီးက ပြန်ပြော၏။

စစ်ဆေးရေးမှူးက မျက်မှောင်ကြုံ့လိုက်ပြီး
"သူဘာလို့ တစ်ချိန်လုံး စာရေးခုံမှာမှောက်နေတာလဲဆိုတာ ကျွန်တော်မသိဘူး။ အဖြေတွေကိုရနေလို့လား? ဒါမှမဟုတ် မေးခွန်းကိုမရလို့လား?"

"သူမေးခွန်းတွေကို မရတာ။"
ကျောင်းအုပ်ပြီးပြန်ဖြေပြီးကာမှ နည်းနည်းတော့ရှက်မိသွားသည်။
"တကယ်တော့ သူက စာမေးပွဲတိုင်းမှာ သုညရတဲ့ ကျွန်တော်တို့ကျောင်းရဲ့ တစ်ဦးတည်းသောကျောင်းသားပါ။ အခန်းထဲမှာ ဆက်သွယ်ရေးဖျက်တောက်တဲ့စက်လည်းရှိတယ်။ ဒီကျောင်းသားနှစ်ယောက်စလုံးက စာသင်ခန်းအပြင်ကိုလည်း တစ်ခါမှမထွက်ခဲ့ဘူး။ ဒါကြောင့် အပြင်ကနေ အဖြေရဖို့ကလည်း လုံးဝဖြစ်နိုင်ချေမရှိဘူး။"

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Where stories live. Discover now