(စိုရွှဲသွားပြီ)
Unicode
တင်းရွှယ်ရွိန့်သည် မနေ့ညက နောက်ကျမှ ရောက်လာခဲ့သည်။ ဒီမနက်တွင် ကျောင်အုပ်ကြီးရုံးခန်း၌ စာမေးပွဲမေးခွန်းလွှာများဖြေပြီးကြောင်းကို ကျောင်းသို့အစီရင်ခံစာတင်ခဲ့၏။ ထို့နောက် အမြန်ချောပို့အား ကျောင်းဧည့်ကြိုခန်းသို့ခေါ်လိုက်လေသည်။
"Original Stationery"အမှတ်တံဆိပ်မှသူ့အား အမြန်ချောပို့ဖြင့် ပါဆယ်ထုပ်ပို့လာခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် ကျောင်းသုံးလွယ်အိတ်များ၊ စာအုပ်အဖုံးများ၊ ခဲတံအိတ်များ၊ ဘောပင်များနှင့် ကျောင်းသားသုံးလက်စွဲစာအုပ်များအပြင် ထီးများလည်းပါလေ၏။
ထီးကို Muxia ဆေးဖြင့်ဆေးဆိုးပန်းရိုက်ထားပြီး ထီးလက်ကိုင်ကို ကောင်းမွန်သောသတ္တုထည်ဖြင့် ပြုလုပ်ထားသည်။ တင်းရွှယ်ရွိန့်သည် ထိုထီးကို အသုံးပြုရန် မရည်ရွယ်ခဲ့သော်လည်း သူတို့ထွက်လာခဲ့ချိန်တွင် မိုးကရုတ်တရက်ရွာချလာ၏။ သူသည် အခြားသူအပေါ် ကျေးဇူးကြွေးမတင်ချင်။ ထို့ကြောင့် သူ၏ထီးအဟောင်းကို ထိုသူ့အားပေးခဲ့ခြင်းဖြစ်သည်။
သူ၏မွေးရပ်မြို့မှ ယခုမြောက်ပိုင်းမြို့သို့ ရထားဖြင့် တစ်နေ့နှင့်တစ်ည လာခဲ့ပြီးနောက် သူအနည်းငယ်ပင်ပန်းနေ၏။ သူအထုပ်အပိုးများထားရန်အတွက် ယောကျ်ားလေးအဆောင်သို့ သွားလိုက်သည်။ အစောင့်က သူ့အတွက်စီစဥ်ပေးထားသောအိပ်ဆောင်သော့ကို ပေးလာသည်။
"မင်းရဲ့အိပ်ဆောင်ကငါးလွှာမှာ"သူ့တွင်အထုပ်များများစားစားမပါလာခဲ့ပေ။ ထို့ကြောင့် သူသည် ခရီးဆောင်အိတ်တစ်လုံးနှင့် လွယ်အိတ်ခပ်ကြီးကြီးတစ်လုံးကိုသယ်ပြီး အပေါ်သို့ တစ်ယောက်တည်း တက်လာခဲ့လိုက်သည်။ အိပ်ဆောင်ထဲသို့မဝင်ခင် တင်းရွှယ်ရွိန့်သည် တံခါးကိုအရင်ခေါက်လိုက်၏။ ပြီးမှတွန်းဖွင့်လိုက်သည်။
အိပ်ဆောင်ထဲတွင် အထုပ်အပိုးသိမ်းဆ ည်းနေသော လူတစ်ယောက်ရှိနေသည်ကို တွေ့ရ၏။ ထိုသူသည် တင်းရွှယ်ရွိန့်နှင့်အတူ ခရီးဆောင်အိတ်တစ်လုံးကို တွေ့သောအခါ အနည်းငယ်အံသြ သွားပုံရသည်။ ထို့နောက်သူ့အထုပ်များအားဆက်လက်ထုပ်ပိုးလျက်နှင့်ပင် ပြောလာ၏။
"မင်းက ဒီအခန်း(၅၀၆)မှာနေမယ့် လူသစ်လား"
![](https://img.wattpad.com/cover/290674679-288-k22826.jpg)
KAMU SEDANG MEMBACA
ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)
RomansaIt's just a translation. All credits to original author,English translator and publisher. English title-First Love Choose Me, I'm Super Sweet Authors Sleeping Mans 睡芒 English translator-Springlila Type- Web Novel Genre-Romance,School life,Shounen Ai...