Unicode
….ငါမင်းကို မနမ်းခဲ့ဘူး……
ဒီအကြောင်းကို အရမ်းကြီးမတွေးလိုက်ရပါဘဲ ဘာတွေဖြစ်နေတာလဲဆိုတာကို သူချက်ချင်း နားလည်လိုက်သည်။
ဒါက နည်းနည်းမဖြစ်နိုင်တဲ့အရာပေမဲ့လို့ လော်ချန်လုပ်နိုင်သည့် အရာတစ်ခုဖြစ်၏။
တင်းရွှယ်ရွိန့် နားလည်လိုက်ပြီးသော်လည်း သရုပ်ဆောင်နေသေးသည့် လော်ချန်ကို သူထုတ်မပြောခဲ့ပေ။ သူက ဘာမှမသိသလိုဟန်ဆောင်လိုက်ပြီး အံ့သြနေသည့်အမူအရာလုပ်ပြလိုက်သည်။ သူ့ရဲ့ မျက်လုံးနက်နက်တွေကိုလည်း ပြူးကျယ်ထားလိုက်သည်။
လော်ချန်က အရင်ဘယ်သူ့ကိုမှ မနမ်းဖူးပေ။ သူတို့နှုတ်ခမ်းချင်းထပ်တူကျသွားသည့် တစ်ခဏမှာ သူစိတ်ကျေနပ်သလိုခံစားလိုက်ရသည်။ နူးညံ့သည့် အထိအတွေ့က သူ့နှလုံးသားလေးကို ကျွမ်းလောင်သွားစေပြီး လျှပ်စစ်ဓာတ်လိုက်သလို ခံစားချက်က သူ့ကိုဆယ်စက္ကန့်လောက် အသိအာရုံဆုံးရှုံးသွားစေသည်။
သူ နမ်းပြီးသွားပြီလို့ခန့်မှန်းမိရင်း သူ့အသိအာရုံကို မြန်မြန်ပြန်နိုးကြားစေကာ သူ့နှုတ်ခမ်းတွေကို တင်းရွှယ်ရွိန့်ဆီကနေ ခွာလိုက်၏။ တင်းရွှယ်ရွိန့်ရဲ့ တုန်လှုပ်ခြောက်ခြားသွားတဲ့အမူအရာကို တွေ့လိုက်ရပြီး သူတိတ်တိတ်လေး ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသွားသည်။ သူက ရှောင်တင်းကို ကြောက်အောင် လုပ်လိုက်နိုင်တယ်မလား။ ဒီညတော့ သူလည်းသူ့လို အိပ်ပျက်ည ဖြစ်တော့မှာပဲ။ ---ဒါကိုတွေးမိရုံနဲ့တင် လော်ချန်အတော်လေး ပျော်သွား၏။
သူက သူ့ရဲ့မျက်နှာထားကို ကောင်းကောင်းမွန်မွန်ပြန်ထိန်းလိုက်ပြီး သူ့ကိုယ်သူနည်းနည်းလောက်တောင် ပြုံးခွင့်မပေးခဲ့ပေ။ တင်းရွှယ်ရွိန့်မျက်လုံးထဲမှာတော့ သူက စဥ့်တီတုံးပေါ်က အသားတုံးဖြစ်ပြီးနေတာကိုတော့ မသိပေ။
တင်းရွှယ်ရွိန့်က ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို အံ့အားသင့်နေသည့်ပုံဖြင့် လော်ချန့်ကုတင်ပေါ်တွင် မလှုပ်မယှက် လှဲနေခဲ့သည်။
အရမ်းကောင်းတယ်။ ဒါက လော်ချန်ဖြစ်စေချင်တဲ့ တုံ့ပြန်မှုမျိုးပင်။ သူက အိပ်ရာပေါ်မှာ နှစ်ကြိမ်လောက်လူးလိမ့်ပြီး အိပ်ပျော်သွားခဲ့သည်ဆိုတဲ့ အရက်မူးသမားဇာတ်ကွက်အတိုင်း လိုက်ကနိုင်ခဲ့တာဖြစ်သည်။
![](https://img.wattpad.com/cover/290674679-288-k22826.jpg)
YOU ARE READING
ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)
RomanceIt's just a translation. All credits to original author,English translator and publisher. English title-First Love Choose Me, I'm Super Sweet Authors Sleeping Mans 睡芒 English translator-Springlila Type- Web Novel Genre-Romance,School life,Shounen Ai...