အပိုင်း (၃၇)

1.2K 204 38
                                    

Unicode

           ...သူ့ကို ချော့နေရုံပဲ....

လော်ချန်တစ်ယောက် တင်းရွှယ်ရွိန့်ရဲ့အနည်းငယ်ရှည်နေပြီဖြစ်တဲ့ ဆံပင်တွေကို မြင်လိုက်သည်။ ဒါဟာ တင်းရွှယ်ရွိန့်က ဒီအတောအတွင်း ဂရုမစိုက်နိုင်အားဘူးဆိုတာကို သက်သေပြနေ၏။ သို့ပေမဲ့လို့ ဆံပင်လေးတွေက နူးညံ့နေပြီး အခြားယောက်ျားလေးတွေရဲ့ ဆံပင်တွေကဲ့သို့ မကြမ်းနေပေ။ ရွှေအိုရောင်ခပ်ဖျော့ဖျော့ ဆံပင်တွေက အညိုရောင်နဲ့ အနက်ရောင်ရောနေပြီး ထူထပ်သည့်မျက်တောင်တွေက ရှည်လျားကော့ညွတ်ကာ ပျော့ပျောင်းနေပေ၏။

သူမတတ်သာတော့ဘဲ တင်းရွှယ်ရွိန့်ရဲ့ ဆံပင်တွေကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။ တွေးမိသည်က ဒီကလေးက ကလေးဘဝက အာဟာရပျက်လပ်ခဲ့လို့ ဖြစ်ရမယ်။ မဟုတ်ရင် ဘာလို့ သူ့ဆံပင်တွေက အဝါရောင်ပြောင်းနေမှာလဲ။

လော်ချန်တစ်ယောက် ဆူးခနဲနာကျင်မှုတစ်ခုခံစားလိုက်ရပြီး တင်းရွှယ်ရွိန့်ခေါင်းကို သူ့လက်မောင်းတွေထဲကိုထည့်ဖို့အတွက် သူ့လက်ကို ဆံပင်တွေထဲ ဖိထည့်လိုက်၏။

ထိုအချိန်တွင် အိပ်ပျော်နေသော တင်းရွှယ်ရွိန့်က ရုတ်တရက်ဆိုသလိုတစ်ယောက်ယောက်က အိပ်နေစဉ်အတွင်း တစ်ဖက်လှည့်သလိုမျိုး လှုပ်လာ၏။ အစကတော့ လူနှစ်ယောက်က သူတို့နေရာနှင့်သူတို့ဖြစ်သည်။ တင်းရွှယ်ရွိန့်က ထိုကဲ့သို့ လှုပ်လိုက်သည့်အခါမှာတော့ လော်ချန်က အောက်သို့ ရောက်ပြီးအဖိခံထားရသွားလေတော့သည်။

တင်းရွှယ်ရွိန့်က လုံးဝကို လော်ချန်ကိုယ်ပေါ်တွင် လှဲနေပြီး သူ့ခေါင်းက လော်ချန့်လည်ပင်းဘေးအပေါ်တွင်ရှိနေကာ သူ့မျက်နှာကလည်း လော်ချန့်အသားကို ဖိထားပြီး အသက်ရှူသံက လော်ချန့်မေးရိုးပေါ်ကို တိုးဝှေ့နေလေသည်။

လော်ချန် လုံးဝကို ကျောက်ရုပ်ဖြစ်သွားသည်။ သူလည်ပင်းကို ဆန့်လိုက်ပြီး မျက်နှာကျက်ကို စိုက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဒွိဟဖြစ်စရာပုံစံအတိုင်းရှိနေပြီး လက်တစ်ဖက်က တင်းရွှယ်ရွိန့်ခါးနားမှာရှိနေကာ အခြားတစ်ဖက်က ခေါင်းအနောက်မှာရှိနေ၏။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora