အပိုင်း(၈)

1.3K 243 26
                                    

Unicode

...ရှောင်တင်း မင်းလက်တွေကချော်နေတယ်..

(သတိပေးချက်: စိတ်ခံစားချက်အရ မိမိကိုယ်မိမိထိခိုက်အောင်လုပ်သည့် အကြောင်းအရာပါဝင်ပါသည်။)

ထိုအခါမှ လော်ချန်တစ်ယောက် သူ တင်းရွှယ်ရွိန့်လက်ကို လှမ်းဆွဲထားတုန်းဆိုတာကို ရုတ်တရက် သတိရသွားခဲ့သည်။

သူချက်ချင်းလွှတ်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။
"Fu*k! ငါ့လက်နဲ့ငါ ချွေးထွက်လို့မရဘူးလား? မင်း မင်းနဲ့ဘာဆိုင်လို့လဲ?"

တင်းရွှယ်ရွိန့် အင်း ဟုသာတိုးတိုးပြန်ပြောလာပြီး  "ငါအခု ဆေးလိပ်သောက်နေတာမပြီးသေးဘူး။ ဒါကြောင့် ငါနဲ့ဝေးဝေးမှာနေ။" သူကပြောပြီးနောက် ဖြည်းညင်းစွာ ဖြင့် ရေချိုးခန်းတံခါးကိုထပ်၍ ပိတ်လိုက်သည်။

လော်ချန် အပြင်ကနေ အော်ပြောလိုက်သည်။
"အရူးပဲ"

သူ လက်ဖဝါးပေါ်က ချွေးတွေကိုပွတ်သုတ်လိုက်ပြီး ထူးထူးခြားခြား ရှောင်တင်း၏ချော်နေသော လက်တွေအကြောင်းကို တွေးမိလိုက်သည်။

သူ တစ်ယောက်ယောက်လက်ကို ကိုင်ခဲ့သည့် နောက်ဆုံးအကြိမ်ကိုပင် မမှတ်မိတော့။ အမှန်ပင် သူနောက်ဆုံးထားခဲ့သော ချစ်သူကောင်မလေး ဘယ်လိုပုံရှိသည်ကိုပင် မေ့နေပြီဖြစ်သည်။ သူမမျက်လုံးတွေက အတော်လေးကြီးတာကိုပဲ မှတ်မိသည်။ သို့သော် သူမမျက်လုံးတွေက ရှောင်တင်းမျက်လုံးတွေလောက်တော့မကြီး။ ပြီးတော့ သူမလက်တွေက ရှောင်တင်းလက်တွေလောက် မနူးညံ့ အဲဒီလောက်လည်းမဖြူ....

သူ ဆေးလိပ်နံ့ကိုမုန်းလိုက်တာဟု တတွတ်တွတ်ပြောရင်း သူ့ခုတင်ဆီသို့ ပြန်သွားလိုက်သည်။ သူခေါင်းငုံ့ပြီး သူ့ကိုယ်သူ ပြန်နမ်းကြည့်လိုက်သည်။ အမှန်ပင် ဆေးလိပ်နံ့ငွေ့ငွေ့စွဲနေပေသည်။ လော်ချန် ထိုအနံ့ကိုသည်းမခံနိုင်တာကြောင့် ခုတင်ပေါ်ပြန်မတက်ခင် သူ့ညဝတ်ဝတ်စုံကို အရင်လဲလိုက်ရသည်။

တင်းရွှယ်ရွိန့်သည်လည်း ဆေးလိပ်စွဲနေသူ မဟုတ်တာကြောင့် တစ်လိပ်သောက်လိုက်ပြီး စိတ်ကျေနပ်သွား၏။ ထို့နောက် ပလုတ်ကျင်းလိုက်ကာ လက်ပတ်နာရီကိုချွတ် လက်ဆေးပြီးနောက် အိပ်ရာဝင်လိုက်သည်။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora