အပိုင်း(၂၂)

1.5K 225 15
                                    

Unicode

...လက်ကလေးတွေ လိမ်ယှက်ထား....

တင်းရွှယ်ရွိန့်ထိုခဏ၌ ကမ္ဘာကြီးချာချာလည်သွားသလို ခံစားလိုက်ရသည်။

သူ့ပါးတွေကနီရဲပြီး ပူခြစ်နေသည်။ အဲဒါက လော်ချန်က သူ့ခေါင်းအား ဘယ်နေရာကို ဖိထားတာကြောင့်ဆိုတာ အထင်အရှားပင်။

တင်းရွှယ်ရွိန့် ဦးနှောက်ခြောက်သွားရပြီး ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိသော သူ့ဦးနှောက်က အားအင်ကုန်ခမ်းသွားပုံပင်။ သူတစ်ခဏကြာ မလှုပ်ရှားနိုင်ခဲ့။ သူအသိပြန်ဝင်လာပြီး ပထမဆုံးတုံ့ပြန်မှုကတော့ စာအုပ်တစ်အုပ်ကိုလှမ်းဆွဲလိုက်ပြီး လော်ချန့်နှဖူးကို ရိုက်ချလိုက်တာပင်။

ထို့နောက် စာအုပ်ကလည်း အောက်ကျသွားပြီး သူလည်းသူ့ကိုယ်သူ ပြန်ထိန်းလိုက်ရသည်။

ရလဒ်အနေနှင့် လော်ချန်က သူ့ခေါင်းသူကိုင်ပြီး နာကျင်၍ဒေါသထွက်သော အသံဖြင့်
"ရှောင်တင်း မင်းဘာလို့ငါ့ကိုရိုက်တာလဲ။ နာတယ်ဟ။ သိလား။"

တင်းရွှယ်ရွိန့်မျက်နှာက သွေးရောင်လွှမ်းနေပြီး ပင့်သက်ရှိုက်ကာပြောလိုက်သည်။ "ငါမင်းကိုဘာလို့ရိုက်တယ်လို့ထင်လဲ။"

လော်ချန်က ဘာလို့ဆိုတာကို အသေအချာသိတာပေါ့။ သို့သော် သူမသိသလို ဟန်ဆောင်ရင်း
"မင်းဘာလို့ မျက်နှာကြီးနီနေတာလဲ။"

"ငါ့ကိုစကားလာမပြောနဲ့။"

တင်းရွှယ်ရွိန့်က မေးခွန်းဖြေတာကိုအာရုံစိုက်ဖို့ ရှေ့ကိုပြန်လှည့်သွားသည်။
လော်ချန်က အောက်ကျနေတဲ့စာအုပ်ကို ကုန်းကောက်လိုက်ပြီး တင်းရွှယ်ရွိန့်စာရေးခုံပေါ်ကို ဂရုတစိုက် တွန်းပေးလိုက်သည်။
"မင်းရဲ့စာအုပ်။ စိတ်မဆိုးပါနဲ့။ ငါကဒီအတိုင်း.....စလိုက်ရုံပါ။"
ပြောပြီး သူ့ခေါင်းကိုသူကုတ်လိုက်သည်။

သူဒီလိုစတာမျိုးကို အရင်ကအခြားသူတွေကို ဘယ်တုန်းကမှမလုပ်ခဲ့။ ဘတ်စကတ်ဘောကစားခဲ့ကြတုန်းက သူ့အစ်ကိုက အဝတ်လဲခန်းထဲမှာစခဲ့ဖူးတာကလွဲလို့ လော်ချန့်ကိုလည်း ဘယ်သူကမှယခုလို မစရဲကြပေ။ သူက သူတို့အချင်းချင်း ဂွကြားကိုတွန်းတိုက်စကြတာမျိုး လုပ်နေကြတာကိုမြင်ဖူးပေမဲ့ သူကိုယ်တိုင်တော့ တစ်ခါမျှမလုပ်ခဲ့။ သူအဲဒီလိုလူတွေကိုလည်း မနှစ်မြို့ခဲ့ပေ။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Wo Geschichten leben. Entdecke jetzt