အပိုင်း(၇)

1.3K 243 14
                                    

Unicode

..............လော်ချန် ငါ့ကိုလွှတ်...............

(သတိပေးချက်: စိတ်ခံစားချက်အရ မိမိကိုယ်မိမိထိခိုက်အောင်လုပ်သည့် အကြောင်းအရာပါဝင်ပါသည်။)

လော်ချန်က လိုက်ပြီးလှောင်ပြောင်နေတာကြောင့် တင်းရွှယ်ရွိန့်မတုန်မလှုပ်နှင့်
ဂရုမစိုက်ဟန်တစ်ချက်ပြန်ကြည့်ပြီး ပြောလိုက်သည်။
"မင်းအရမ်းအစွမ်းအစတွေရှိနေတယ်ဆိုလည်း စာလေ့လာတဲ့နေရာမှာ ယှဥ်ပြိုင်ကြရအောင်လား?"

လော်ချန်ကရူးကြောင်ကြောင်အပြုံးဖြင့်ရယ်လိုက်ပြီး ပြောလာသည်။
"မင်းက ဘယ်လိုလုပ်ငါ့ထက် စာပိုတော်မှာလဲ? ငါတို့ကညီတူညီမျှပဲလေ။ စာမရတဲ့ကောင်လေးရဲ့"

သူ ပန်းကန်လုံးထဲမှ အရွယ်တူစတော်ဘယ်ရီသီးတွေကို ယူလိုက်ပြီး စားပွဲပေါ်တွင်အတန်းလိုက်ဖြစ်အောင် စီလိုက်သည်။
ပြီးနောက် လက်ဟန်ခြေဟန်ဖြင့် ပြောလာ၏။
" ရှောင်တင်း ဒီအစ်ကိုက ဒါရဲ့ သုံးဆလောက်ရှိတယ်။ မင်းမြင်ဖူးလား?"

တင်းရွှယ်ရွိန့်က မျက်မှန်ချွတ်ထားခဲ့၏။
ထို့ကြောင့် လော်ချန့်လက်ထဲရှိ စတော်ဘယ်ရီသီး ဘယ်လောက်ကြီးသည်ကို အသေအချာမမြင်ရ။ သို့သော် ထိုကဲ့သို့
စိတ်အနှောင့်အယှက်ဖြစ်စေသော အကြောင်းမျိုးနှင့်ပတ်သတ်ပြီး လော်ချန်နှင့်အငြင်းအခုန်မလုပ်ချင်တော့။

တင်းရွှယ်ရွိန့်ပြန်မဖြေသော်လည်း လော်ချန် မပျင်းမိ။ သူပို၍တောင် စူးစမ်းချင်လာသည်။ ဒါကြောင့် သူ သူ့ဘောင်းဘီကိုစိုက်ကြည့်လိုက်ပြီး ထိုသူ့ကိုလှစ်ပြဖို့အတွေးတောင်ရှိလိုက်သေးသည်။

စတော်ဘယ်ရီသီးတွေကို တစ်ခဏကြာဆားရည်စိမ်ပြီးနောက် လော်ချန်တစ်ယောက် တက်ကြွစွာဖြင့် ရေတွေကိုအပြင်သို့သွန်လိုက်ပြီး လက်တစ်ဖက်နှင့် ကုလားထိုင်တစ်ခုကို အသာလေးဆွဲယူလိုက်ကာ သူ့စားပွဲခုံနားကပ်ထားလိုက်ပြီး တင်းရွှယ်ရွိန့်ကို လာစားဖို့ ခေါ်လိုက်သည်။

သို့သော် သူနှစ်လုံးပဲစားပြီး တော်လိုက်၏။
သူဒါတွေကို သိပ်မကြိုက်။ ထို့ကြောင့်
ဖန်ပန်းကန်လုံးကို တင်းရွှယ်ရွိန့်ဘေးသို့နည်းနည်းတွန်းပို့ပေးလိုက်ပြီး ပြောလိုက်သည်။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ