Unicode
...... ခရီးထွက်ပြီးနောက် အတန်းထဲဝယ်....
တင်းရွှယ်ရွိန့်က စက်တင်ဘာလကနေ နိုဝင်ဘာလအထိ ပြိုင်ပွဲအမျိုးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့လေသည်။ သူကသာ သာမန်ကျောင်းသားတစ်ယောက်ဆိုလျှင် ဖိအားတွေကြား ပြိုလဲသွားမှာဖြစ်ပေမဲ့လို့ ပြည်နယ်တွင်းတွင် ချက်ချင်းဆိုသလို ပထမဆုအတော်များများကို ရခဲ့သည်ဖြစ်၍ အတော်လေးကို စိတ်သက်သာရာရသွားခဲ့သည်။ သူက IMOနိုင်ငံတကာဆုကို အနိုင်ရခဲ့မှန်းသိခဲ့ကြသည်ထင် ပြည်နယ်တွင်းရူပေဗဒ ဓာတုေဗဒနှင့် ဇီဝေဗဒဘာသာရပ်သုံးခု၏ ပြိုင်ပွဲကြီးကြပ်ရေးကော်မတီက ဖိုင်နယ်ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံပေးခဲ့ကြ၏။
ပြိုင်ပွဲများတွင် ကွန်ပျူတာပရိုဂရမ်ပြိုင်ပွဲလည်း ပါသည်။ တင်းရွှယ်ရွိန့်တစ်ယောက် ထိုကိစ္စနှင့်ပတ်သတ်ပြီး အလေးအနက်ကြီး နှိုက်နှိုက်ချွတ်ချွတ်မရှာဖွေခဲ့ရပေ။ ပြည်နယ်တွင်းဆုရပြီးနောက်တွင်တော့ ထိုဘာသာရပ်ကိုထပ်ပြီး မလိုက်စားနိုင်ခဲ့တော့ပေ။
တင်းရွှယ်ရွိန့်က ပြည်နယ်ကိုယ်စားပြုအသင်းအတွက် အရွှေးချယ်ခံရပြီးနောက်မှာတော့ ဆက်လက်ပြိုင်ပွဲဝင်ဖို့အတွက် အခြားနေရာတွေကို လေယာဉ်နှင့်သွားရဦးမည်ဖြစ်သည်။ တစ်ဖက်လူထွက်သွားပြီးနောက်မှာတော့ လော်ချန်ရဲ့စာလေ့လာမှုက ပျင်းစရာကောင်းလာခဲ့သည်။ဒါက သူ တင်းရွှယ်ရွိန့်နှင့်ခွဲရသည့် ပထမဆုံးအကြိမ်လည်းမဟုတ်တော့ပေ။ သူ နွေရာသီအားလပ်ရက်အတောတွင်းမှာ ဒီလိုဆက်ပြီးသည်းမခံနိုင်တော့သည့်အခါမျိုးဆို အရင်တုန်းက တည့်တည့်မတ်မတ် သွားတွေ့ခဲ့လိုက်ပေမဲ့ အခုတွင်တော့ သူမတတ်နိုင်ပေ။ တင်းရွှယ်ရွိန့်က မထွက်သွားခင်တွင် သူ့အတွက်အိမ်စာတွေကိုပေးခဲ့ပြီး သူပြန်လာရင်စစ်မှာမို့ ပြီးအောင်လုပ်ထားဖို့ ပြောခဲ့၏။
လော်ချန်တစ်ယောက် စာသင်ခန်းထဲတွင် ရှိနေသည့် ခဏတွင်လည်း စာရေးခုံပေါ်မှောက်ကာ သူ့ဘေးတွင်ရှိသော ခုံအလွတ်ကိုတွေတွေကြီးကြည့်နေမိသည်။ ဆရာက သူ့နာမည်ကို အခေါက်ပေါင်းများစွာခေါ်နေတာတောင် မကြားခဲ့ပေ။
![](https://img.wattpad.com/cover/290674679-288-k22826.jpg)
YOU ARE READING
ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)
RomanceIt's just a translation. All credits to original author,English translator and publisher. English title-First Love Choose Me, I'm Super Sweet Authors Sleeping Mans 睡芒 English translator-Springlila Type- Web Novel Genre-Romance,School life,Shounen Ai...