အပိုင်း(၂၃)

1.3K 210 43
                                    

Unicode

......မင်းမယုံရင် ထပ်ပြီးထိကြည့်....

လော်ချန်တစ်ယောက် တင်းရွှယ်ရွိန့်ရဲ့ မျက်နှာအနေအထားကိုတစ်ချက်ကြည့်ကြည့်လိုက်သည်။ တင်းရွှယ်ရွိန့်ကတော့ အေးအေးဆေးဆေးနှင့်အာရုံစိုက်နေပုံပင်။
ထူးဆန်းတယ်လို့ ခံစားနေရတာ သူတစ်ယောက်တည်းဖြစ်နေတာလား? ထူးဆန်းတယ်လို့သူခံစားရပေမဲ့လည်း လက်ကိုတော့ ပြန်မရုတ်ချင်ခဲ့ပေ။ သူ့လက်တွေထဲကနေ ဓာတ်လိုက်နေသလိုခံစားရပြီး သူ့နှလုံးသားထဲကလည်း ရှိုးတိုးရှန့်တန့်သယောင် ခံစားနေရသည်။ သူဘာဖြစ်လို့ရှောင်တင်းကို ဒီလိုတွေခံစားနေရတာလဲ?

တင်းရွှယ်ရွိန့်က ဆရာမအခန်းထဲကိုဝင်လာချိန်တွင် သူ့လက်ကိုချက်ချင်းလွှတ်လိုက်သည်။ လော်ချန် သူ့လက်တွေကိုအချင်းချင်းပွတ်လိုက်ရင်း တစ်စုံတစ်ခုဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ သူခေါင်းငုံ့ကာ လက်တွေကိုနမ်းကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
"ဘာလို့ဒီအနံ့က မင်းလက်ကအနံ့နဲ့မတူရတာလဲ။"

"မင်းအနံ့က ပိုပြီးမွှေးနေတယ်။"
သူအသေအချာပြောလိုက်သည်။

တင်းရွှယ်ရွိန့်က စာဖတ်နေသလိုမျိုး အသံကိုတိုးလိုက်ပြီး "အဲဒါက ဘာလို့ဆို မင်းလက်တွေကချွေးပြန်နေလို့လေ။"

လော်ချန် ဆို့နင့်သွားပြီး သူဘာလို့ ချော်ပြီးချွဲချွဲကျိကျိဖြစ်နေတယ်လို့ ခံစားနေရတာလဲဆိုတာကို နားလည်သွားခဲ့သည်။ လတ်စသတ်တော့ ချွေးပြန်နေတာကိုး။

ခရစ်စမတ်ပွဲတော်နေ့တွင် ကျောင်းသားအချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ပန်းသီးတွေပေးကြသည်မှာ အစဥ်အလာထုံးစံတစ်ခုဖြစ်သည်။

ဒီနေ့က ပိတ်ရက်ဖြစ်တာကြောင့် အတန်းမရှိပေ။ သို့သော်လည်း ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်တစ်ချိန်တော့ရှိသေးသည်။

တင်းရွှယ်ရွိန့်က နေ့လယ်တွင်စောစောလာလိုက်တာကြောင့် လော်ချန့်စားပွဲခုံပေါ်တွင် သေသေသပ်သပ် ထုပ်ပိုးထားသော ပန်းသီးတွေကို တွေ့ခဲ့ပြီးဖြစ်သည်။ ဖဲပြားလေးများနှင့်ခေါက်တုံ့ချည်ထားသော ဘူးလှလှလေးနှင့်ပင်။

ချိုမြမြအချစ်ဦးလေး (မြန်မာဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ