ယနေ့ "ကာယံမိုး" Kကိုစတင်ဉီးဆောင်မည့်နေ့ပင်ဖြစ်သည်။မင်းမြတ်ရဲ့ လူယုံနှစ်ယောက်ကိုလည်း တွေ့ရပေဉီးမည်။မင်းမြတ်ပြဿနာဖြစ်သည့်နေ့က ထိုသူနှစ်ယောက်လုံးက မင်းမြတ်အနားမှာတစ်ယောက်မှမရှိကြဘူးဆိုတာက ကာယံမိုးအတွက် သံသယဝင်စရာအကောင်းဆုံးဖြစ်နေလေသည်။
"ဒေါက် ဒေါက် "
"အစ်ကိုလေး ကျွန်တော်ပါ သော်ခန့်"
"အင်း သော်ခန့် ဝင်လာခဲ့"
"ကိုပိုင်သူစိုးနဲ့ကိုတေဇာအောင်ရောက်နေပါတယ် အစ်ကိုလေး"
"အင်း ငါလာခဲ့မယ်"
"ဟုတ်ကဲ့"ကာယံမိုး K ကိုသွားဖို့အတွက်ပါတစ်ခါတည်းပြင်ဆင်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည်။လှေကားအတိုင်းတစ်လှမ်းခြင်းဆင်းလာသည့် ကာယံမိုးက အလွန်တရာကို တည်ကြည်ခန့်ညားလွန်းသည်။ဒုတိယ မင်းမြတ်ထွဋ်ခေါင်ဟုပင် ခေါ်ဆိုရလောက်သည်အထိ အရှိန်အဝါတို့က လူတစ်ဖက်သားအပေါ်လွှမ်းမိုးနိုင်သည်။
ကာယံမိုး ဧည့်ခန်းဆီလျှောက်သွားကာ မင်းမြတ်၏လူယုံနှစ်ယောက်ရှေ့တည့်တည့်၌ထိုင်ကာ ထိုနှစ်ယောက်ကို အကဲခတ်နေလိုက်သည်။
"ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူး အစ်ကိုလေး"
"အင်း"
"ကျွန်တော်က ပိုင်စိုးသူ ပါ သခင်လေးမင်းမြတ်ရဲ့ အတွင်းရေးမှူးပါ "
"ကျွန်တော်က တေဇာအောင်ပါ ကျွန်တော်ကတော့ သခင်လေးရဲ့ လုပ်ငန်းခွဲတစ်ချို့ကို တာဝန်ယူရတဲ့သူပါ"
"ဟုတ်ပြီ ခေါ်တွေ့ရတဲ့ကိစ္စက မင်းတို့သိသင့်သလောက်သိမှာပါ Kမှာအရင်လိုဆက်နေဖို့ ပြီးတော့ မင်းမြတ်ကိစ္စ"
"ဟုတ်ကဲ့"2
"ညနေမှ ငါတို့သေချာဆွေးနွေးကြတာပေါ့ အခုတော့ သော်ခန့်နဲ့ ပိုင်းစိုးက လုပ်ငန်းခွဲတွေကို လိုက်စစ်ပါ နေ့လည် ၂နာရီမတိုင်ခင်အပြီးလုပ်ပါ တေဇာနဲ့ငါက Kကိုသွားမယ် မင်းမြတ်ရှိချိန်က လုပ်ခဲ့တဲ့ Projectကို ငါဆက်လုပ်မယ်"
"ဟုတ်ကဲ့ အစ်ကိုလေး"3
"အင်း သွားကြမယ်"အပြင်သွားခါနီး ဧည့်ခန်းက ဓာတ်ပုံသုံးခုကို ကာယံမိုးတစ်ချက်လှမ်းကြည့်လိုက်သည် ထို့နောက် အိမ်ရှေ့တွင် အသင့်ရပ်ထားသော မိမိကားပေါ်ကိုတက်ကာ K groupဆီသို့ ထွက်လာခဲ့တော့သည်။
ဧည့်ခန်းက ဓာတ်ပုံသုံးခုက မင်းမြတ်တို့မိသားစုပုံရယ် ကာယံတို့မိသားစုပုံရယ် နောက်တစ်ခုက ကာယံမိုးကို ကျောပိုးထားသော မင်းမြတ် နစ်ယောက်လုံးရဲ့မျက်နှာထက်မှာတော့ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်ကာနေလေသည်။
/////////
နှစ်လလောက်အတွင်းမှာ ပုံအောနေတဲ့အလုပ်တွေကို ကာယံပြန်လည်လုပ်ကိုင်နေရသည်မို့ အတော်ကိုပင်ပန်းရသည်။ဒီကြားထဲ အချိုးမပြေတဲ့ ဘိုးတော်တွေကြောင့်လဲ စိတ်ရှုပ်ရသည်။မနက်တည်းက အလုပ်ထဲခေါင်းစိုက်နေတာ ယခုနေ့လည် ၁နာရီထိုးပြီ ထမင်းစားဖို့တောင်သတိမရသေးပေ။တေဇာအောင်လဲ မိမိနှင့်အတူ လုပ်ငန်းခွင်ကိစ္စတွေလုပ်နေရသဖြင့် သူလဲမနားရသေးပေ။
YOU ARE READING
မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်း
Romanceစေတနာတွေပို အကြင်နာတွေယိုဖိတ် အချစ်တွေပုံအောပေးခဲ့မိတဲ့ နောက်ဆုံးတော့... . စတေနာတှပေို အကြင်နာတွေယိုဖိတ် အချစ်တွေပုံအောပေးခဲ့မိတဲ့ နောက်ဆုံးတော့...