Part 23 {Z/U}

1K 65 4
                                    

နေ့မှရက်ရက်မှလ တစ်ဖြည်းဖြည်းရွှေ့လာခဲ့သည်မှာ ရင်ငြိမ်းတို့ကျောင်း၏ ထူးချွန်ကလေးများအား မြို့နယ်အဆင့် ထူးချွန်ထက်မြတ်စာဖြေမည့်ရက်ကိုပင် ရောက်လို့လာခဲ့လေပြီ..
မြို့ပေါ်၌သွားရောက်ဖြေဆိုကြရမည်မို့ ၂ရက်၃ရက်ကြာနိုင်သည်။စာမေးပွဲပြီးမှ ရင်ငြိမ်းတို့ ပြန်လာကြရမည်ပင်။

ချစ်ရသည့် အစ်ကို ကတော့ ရင်ငြိမ်းအား စိတ်မချနိုင်ဖြစ်နေသည်က အမေပင်မျက်စိနောက်နေလေပြီ...

ချစ်ရသည့် ရင်ငြိမ်းလေးသည် ကလေးများထူးချွန်စာမေးပွဲအတွက် ဟင်္သာတမြို့သို့သွားရမည် ၂ရက်၃ရက်ကြာမည်ဟုသိရသည်နှင့် မိမိမှာ ချစ်ရသူလေးအား စိတ်မချနိုင်ဖြစ်ရပြန်လေသည်။
အစားအသောက် အနေအထိုင်မှစကာ အစစအရာရာအဆင်မပြေမည်ကိုစိတ်ပူကာ စိတ်မချဖြစ်နေရခြင်းပင်။

"ရင်ငြိမ်းရာ ဖြစ်နိုင်ရင်လေ ငါပါလိုက်ခဲ့ချင်တာကွ"

စိုးရိမ်စိတ်တို့ဖြင့် စိတ်မချနိုင်ဖြစ်နေသော အစ်ကို့အနားသို့ ရင်ငြိမ်းသွားကာ အစ်ကို့လက်ကလေးအားဆုပ်ကိုင်ရင်း...
''အစ်ကို စိတ်ချပါ ရင်ငြိမ်းလေ အခုမှမဟုတ်ဘူးသိလား အရင်ကတည်းကသွားဖူးပါတယ် ပြီးတော့ တစ်ခြားဆရာတွေနဲ့ ကျောင်းအုပ်ကြီးလဲ ပါတယ်လေ အစ်ကိုရဲ့ စိတ်မပူနဲ့နော်"
"ဟင်း..."
"နော်လို့ အစ်ကို့ အစ်ကို အခုလိုကြီးဖြစ်နေတော့လေ ရင်ငြိမ်းက မနက်ဖန် ဘယ်လိုသွားရမှာလဲလို့ အစ်ကိုရယ် ဟွန်"
"အေးပါကွာ ငါသိပါတယ် ဒါပေမယ့် ရင်ငြိမ်းရာ င့ါစိတ်တွေ ဟာကွာ မသိတော့ဘူး "

ခြေဆောင့်က အိမ်နောက်ဘက်သို့ ဝင်သွားသည့် အစ်ကို့အား ရင်ငြိမ်း​ ငေးကြည့်နေမိသည်။
သေချာတာကတော့ အစ်ကိုစိတ်ကောက်သွားပြန်ပြီ။

သားကြီးအားကြည့်ကာ ထိုင်နေသော သားငယ်အနားသို့ ဒေါ်နုနုယဉ်သွားကာ သားငယ်လက်မောင်းအားကိုင်ရင်း ဖိုးစိတ်ကောက်ကြီးအား လိုက်ချော့ရန်စေခိုင်းရပြန်သည်။

"ဟဲ့ သားငယ်လေး သွားသွား လိုက်ပြီးချော့လိုက်ဉီး တော်ကြာနေ ညစာမစားပဲနေဉီးမယ်သွားချော့လိုက်ပါကွယ်"
"ဟုတ်ကဲ့အမေ"
"အေးအေး အော် သား အမေ နင့်ဖာထီးတို့ဘက်ခဏသွားဉီးမယ် ခဏဆိုပေမယ့် အပြန်နောက်ကျမှာ ထမင်းစာထားနှင့်ကျကြားလား အမေ့ကိုမစောင့်နဲ့"
"ဟုတ်ကဲ့ လိုက်ခေါ်ပေးရမလားအမေ"
"ရတယ် နောက်ကျရင် လိုက်ပို့ခိုင်းလိုက်မယ် သားတို့မလာနဲ့"
"ဟုတ်ကဲ့"
"ကဲ အမေလည်းသွားလိုက်ဉီးမယ် သားလဲ ဖိုးကောက်ကြီးကို ချော့လိုက်ဉီး"
"ဟုတ်ကဲ့အမေ"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now