ရင်ငြိမ်းနှင့်ကံကောင်းတို့ မုန့်တွေဝယ်ပြီး အဝတ်အစားများနှင့် လက်ဆောင်ပစ္စည်းလေးများရောင်းချသည့် ဈေးတန်းဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ကျောက်စိမ်းလက်ပတ်လေးတွေရောင်းသည့်ဆိုင်ရှေ့အရောက်မှာတော့ အစ်ကို့ရဲ့ခြေလှမ်းတွေရပ်တန့်သွားကာ ဆိုင်အတွင်းဘက်ကို သေချာစွာစူးစိုက်ကြည့်နေလေသည်။
ရင်ငြိမ်းအစ်ကို ပုခုံးလေးအား ပုတ်ကာမေးလိုက်သည်။
"အစ်ကို ဘာတွေ့လို့လဲ"
"ဟင် ဟိုမှာ"ကံကောင်း ဆိုင်ထဲက ပစ္စည်းတွေကြည့်နေရင်း ဆိုင်အတွင်းဘက်ကိုအကြည့်ရောက်သွားချိန် ဆိုင်ထောင့်တစ်နေရာရှိ ယွန်းဘူးလေးထဲက လက်ပတ်လေး၂ခုကိုမြင်လိုက်ရလေသည်။
ထိုအရာလေးနှစ်ခုက တစ်ခြားဟာတွေနဲ့မတူ အသွင်ကွဲပြားနေလေသည်။အလုံးလေးတွေက တစ်လုံးမှာမှ အဖြူညစ်ညစ်လေးနှင့်အညိုဖျော့လေးကို တစ်ဝက်စီပါလေသည်။အလုံလေးတွေက မကြီးမသေးနှင့် လက်ပတ်လေးတစ်ခုမှ ၇လုံးပါလေသည်။"အဲ့ဒီလက်ပတ်လေးတွေ ပြပါ့လား"
ကံကောင်းအပြောအား ဆိုင်ရှင်က ပြုံးကာခေါင်းညိမ့်ပြသည်။
"ဒီမောင်လေးက မြင်တတ်တယ် ဒါလေးက ရှားရှားပါးပါးလေး ၂ခုပဲပါလာတာ အစထဲက ဒီယွန်းဘူးလေးနဲ့လာတာသူက ကဲရော့ "
ဆိုင်ရှင်လှမ်းပေးသည့် လက်ပတ်လေးများအား သေချာစွာ ကြည့်နေသည့် အစ်ကိုက ထိုလက်ပတ်လေးများကို လွန်စွာဟသဘောကျနေသည့်ပုံပင်။ထို့ကြောင့် ရင်ငြိမ်း ထိုလက်ပတ်လေးနှစ်ခုအား အစ်ကို့ကိုဝယ်ပေးရန်တွေးကာ ...
"အစ်ကို သဘောကျရင်ယူလေ"
"အင်း ယူမယ် ငါ့ဟာငါဝယ်မယ်"
"ရင်ငြိမ်းဝယ်ပေးပါ့မယ် အစ်ကိုရဲ့ အစ်ကိုက ပိုက်ဆံစုနေတာဆို"
"ရတယ် ဒါလေး ငါဝယ်ပေးချင်လို့ပါ"
"အင်းပါ ဟုတ်ပါပြီ"
"ဒါဆို အဲ့တာလေးပေးပါ"ဆိုင်ရှင်မှ ယွန်းဘူးလေးနှင့်အတူလက်ပတ်လေးနှစ်ခုအား ကံကောင်းထံသို့ လှမ်းပေးလိုက်ရင်း ပြုံးကာစကားဆိုလာသည်။
"ထာဝရတွဲလက်တွေမြဲပါစေ လို့ဆုတောင်းပေးပါတယ်နော်"
"ဟုတ်ကဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျ"
"မပြည့်မှာမပူနဲ့ ရင်ငြိမ်းလေးလက်ကို ငါကဘယ်တော့မှ လွှတ်မှာမဟုတ်လို့ ရော့ ပိုက်ဆံ ရောင်းကောင်းပါစေ ဆိုင်ရှင်"
"ကျေးဇူးပါ နောက်လည်း လာလည်ကြပါ"
"အင်း"
"ဟုတ်ကဲ့ပါဗျ"
YOU ARE READING
မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်း
Romanceစေတနာတွေပို အကြင်နာတွေယိုဖိတ် အချစ်တွေပုံအောပေးခဲ့မိတဲ့ နောက်ဆုံးတော့... . စတေနာတှပေို အကြင်နာတွေယိုဖိတ် အချစ်တွေပုံအောပေးခဲ့မိတဲ့ နောက်ဆုံးတော့...