Part 46 {Z/U}

528 19 1
                                    

အပိုင်း ၄၆

ယနေ့တော့ဖြင့် မိသားစုတွေအားလုံး ဘုရားကျောင်းက ဖာသာကြီးထံသွားကာ မင်္ဂလာဆောင်ရန် ရက်ရွေးကြသောနေ့ပင်ဖြစ်သည်။
မင်းမြတ်နှင့်ရင်ငြိမ်း ဝေထူးနှင့်ကာယံ တို့အား  မင်္ဂလာဆောင်ပေးကြရန် တိုင်ပင်နေကြခြင်းပင်ဖြစ်လေသည်။
နယ်ဟုဆိုသော်လည်း မေရီလန်းရွာလေးသည် မြို့ပြနှင့်လည်းမဝေးသလို ဖွံဖြိုးတ်ိုးတက်နေသည့် ရွာလေးဖြစ်သည်မို့ လိင်တူလက်ထပ်ခြင်းအား အပစ်တင်ရှုံ့ချခြင်းမျိုးမရှိပေ။ရှိလျှင်လည်း ဂရုစိုက်မည်မဟုတ်ကြသောလူတွေပင်ဖြစ်သည်မို့ ဘယ်သူကမှ ဘာမှမပြောကြခြင်းလည်းဖြစ်နိုင်ပေလိမ့်မည်။

"ကဲ ဘယ်နေ့ကိုဆောင်ချင်ကြလည်း ဒီလ ၂၃ က်နေ့ကတော့ နေ့ကောင်းတယ်ကွဲ့"
"ဖာသာကြီးအဆင်ပြေသလိုသာလုပ်ပါ ကျမတို့က ရက်ကောင်းနေ့ကောင်းလေးရရင်တော်ပါပြီ"
"အမေ့ သားကတော့ မြန်မြန်ဆောင်ချင်တာပဲသိတယ်ဗျာ"
"အစ်ကိုကလည်း"
"ဟုတ်တယ် ရင်ငြိမ်းလေးရဲ့ ကိုယ်မင်းကို တရားဝင်ပိုင်ဆိုင်ချင်နေပြီလေ"
"ဟွန်း အစ်ကိုကတော့ ပြောလေကဲလေပါ့လား ဟင်"
"ဟုတ်တယ် ကျောင်းဆရာရဲ့ ငါလည်း ငါ့အပုလေးနဲ့ မြန်မြန်ယူချင်နေပြီ"
"အတော်ဆိုးနေပြီ ဟမ့်"
"နေရာတစ်ကာ မပါနဲ့ဗိုက်ကြီးသည်"
"ပါတော့ဘာဖြစ်လဲ"
"ငါလုပ်လိုက်ရ"
"ခင်ဗျားဘာဖြစ်နေတာလဲ ကာယံမိုး"
"အင်းပါကိုယ်မပြောတော့ဘူးနော်"
"ငကြောက်ကြီး"
"မင်းနော်မင်း"
"ဘာဖြစ်လဲ"
"ကဲ တော်ကြတော့ ရန်မဖြစ်ကြနဲ့ ဒါနဲ့ ဗိုက်ကလေးရော ဘယ်တော့ ပေါက်မလဲကွဟေ"
"ဟုတ် လကုန်ရက်ပါ ဖာသာကြီး"
"အေးအေး ဂရုစိုက်ကြကွယ် "
"ဟုတ်ကဲ့"
"ဒါဆို ၂၃ရက်နေ့သတ်မှတ်လိုက်မယ်နော် ဖာသာကြီး ကျွန်မတို့ ပြန်လိုက်ပါဦးမယ်"
"အေးအေး ပြန်ကြ ပြန်ကြ''

""""""""""""""
အိမ်ရှေ့ဘက်ရှိ ဘူးစင်အောက်၌ဖျာလေးခင်းကာ အစ်ကိုနှင့်ရင်ငြိမ်းအတူထိုင်နေကြခြင်းပင်/ အစ်ကိုက သူ့ညီတစ်ယောက်နှင့် အလုပ်ကိစ္စများဆွေးနွေးနေသလို ရင်ငြိမ်းကလည်း ကျောင်းကိစ္စနှင့်ပတ်သက်တဲ့ စာရွက်စာတမ်း စာရင်းတွေလုပ်နေခြင်းပင်ဖြစ်သည်။

"မင်းမြတ်" အလုပ်ကိစ္စများအား "ပိုင်စိုး"ထံသို့ လှမ်း၍ ညွန်ကြားရင်း ပိုင်စိုးအား မိမိတို့ မင်္ဂလာရက်မတိုင်မီ မေရီလန်းသို့ လိုက်လာရန် မှာကြားပြီး အလုပ်များလက်စသတ်ကာ ဘေးဘက်၍ ရှိနေသော ချစ်ရသူလေးအား လှည့်ကြည့်လိုက်တော့ သူလေးက မျက်မှန်လေး နှာခေါင်းပေါ်လျော့ကာ စာရွက်တွေအား ဟိုလှန် ဒီရေးနှင့် အလုပ်ရှုပ်နေသည်က ပတ်ဝန်းကျင်ကိုပါမက မိမိကိုပါမေလျော့နေသည်ထင် ထို့ကြောင့် မင်းမြတ် ရင်ငြိမ်းလေးဘက်သို့လှည့်ကာ ရင်ငြိမ်း၏ ဂုတ်ကလေးကို အသာဖွဖွလေး နှိပ်ပေးလိုက်သည်။ထိုတော့မှ ကျောင်းဆရာလေးက မိမိအားလှည့်ကြည့်ကာ အပြုံးလေးတစ်ပွင့်ခြွေချရင်းဖြင့် စကားဆိုလာလေတော့သည်။
"အစ်ကို အလုပ်ပြီးသွားပြီလား ဟင်"
"ပြီပါပြီဗျာ ခင်ဗျားလေးကသာ မပြီးနိုင်သေးတာ နားနားပြီးလုပ်ပါ ကိုယ့်အချစ်ရယ် ဇက်ကျောတွေတက်နေပါဦးမယ် မျက်လုံးလဲထိခိုက်ပါမယ်ဗျာ "
"အင်းပါ အစ်ကိုရဲ့ ရင်ငြိမ်းသိပါတယ်"
"အဲ့ဒီလို သိသိနေလို့ကို ပြောရဆိုရခက်နေတာဗျာ အဟား"
"အစ်ကိုနော်"
"ဗျာနော်"
"ဟွန့် အစ်ကိုနော် တစ်ဖြည်းဖြည်း ငပေါကြီးနဲ့တူလာတယ်သိလား"
"ကိုယ့်ဆရာလေးတစ်ယောက်ထဲအတွက်ပေါပေးနေတာဗျ သိရဲ့လား"
"သိပါ့ သိပါ့"
"ဟဟားး ချစ်စရာလေးကွာ"

You've reached the end of published parts.

⏰ Last updated: Feb 19 ⏰

Add this story to your Library to get notified about new parts!

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now