Part 38 {Z/U}

1.2K 72 11
                                    

ပညာရေးမှုးရုံး၌ စာအုပ်များထုတ်ကာ ရင်ငြိမ်းနှင့်ဝေထူး ဆိုင်ကယ်တစ်စီးနှင့် အိမ်သို့အတူပြန်လာခဲ့ကြသည်။စာအုပ်တွေကိုတော့ နောက်တစ်နေ့မနက်မှပဲ ကျောင်းကိုသွားပို့တော့မည် အခုတော့ဖြင့် ညနေလည်းအတော်စောင်းနေပြီမို့ အိမ်သို့သာတန်းပြန်လာခဲ့ကြသည်။
ဝေထူးက လယ်ထဲတွင် သုံးရန်အတွက် ဓာတ်ဆားနှင့်မြေသြဇာများကို ဝယ်ယူရန်
ရင်ငြိမ်းနှင့်အတူ ဟင်္သာတမြို့ပေါ်သို့ အတူလိုက်ခဲ့ကြခြင်းပင်ဖြစ်သည်။

ရွာထဲဝင်လာသည်နှင့် မဖြစ်မနေ မဝယ်မနေနိုင် ဖြစ်ရသည်က လမ်းထိပ်တွင်ရောင်းသည့်  အရီးပုအကြော်ဆိုင်ရှေ့ ဆိုင်ကယ်ရပ်ကာ အကြော်တဲလေးအတွင်းသို့ဝင်၍ အကြော်ဝင်ဝယ်ကြလေသည်။

"အရီးပု"
"ဟေ ပြန်လာကြပြီလားအေ"
"ဟုတ် အရီး သားတို့ အကြော်ဝယ်မလို့"
"ယူလေကွယ်"
"ဟုတ် ရင်ငြိမ်းအတွက် ကြက်သွန်ကြော်ရယ် ငှက်ပျောကြော်ရယ် အင်း ဘယာကြော်ရယ် ပေး အရီး နှစ်ထောင်ဖိုး"
"အေး ဟုတ်ပြီ ဝေထူးလေးကရော"
"အင် သားက ပဲကပ်ကြော်နဲ့ ဘယာကြော် နှစ်ထောင်ဖိုးပဲဗျ"
"ရမယ် ရမယ် ခဏစောင့်ကြအေ အဲ့မယ် ထိုင်ကြဉီး"
"ဟုတ်"

အရီးပု အကြော်များထည့်နေရင်း ကိစ္စတစ်ခုကို သတိရသွားသည်။ထို့နောက် ရင်ငြိမ်းတို့ဘက်သို့လှည့်ကာ...

"အေး ဒါနဲ့ နေ့လည်လောက်ကလေ ရွာထဲကို ကားအကောင်းစားကြီး တစ်စီးဝင်သွားတယ်တော်ရေ ဘယ်သူတွေလဲမသိဘူး အခုထိပြန်မလာကြသေးဘူး တော်တော်ချမ်းသာတဲ့သူတြွေဖစ်မယ် ငါတစ်ခါတစ်ခါ TVထဲမှာကြည့်ဖူးတဲ့ ဇာတ်ကားတွေထဲကလို ကားကြီးအေ့"
"ဟုတ်လား အရီး "
"ဟုတ်ပါ့တော်"
"အရီးပုမသိဘူးလား အဲ့တာ သားဆီလာတာလေ သားကောင်မလေး"
"အမလေးဟယ် ဝေထူးရယ် တော်ပါအေ မသကာ ရင်ငြိမ်းဆိုရင်တောင် ငါယုံဉီးမယ်အေ ဟဟားး"
"အရီးကလဲဗျာ"
"ရော့ရော့ ရပြီ သွားကြတော့ ငရှုပ်ကောင်လေးတွေ"
''သွားပါပြီဗျာ"

ရွာထဲသို့ ဆက်လက်မောင်းနှင်လာသော ဆိုင်ကယ်လေးသည် ရင်ငြိမ်းအေးတို့ အိမ်ရှေ့တွင် ရပ်တန့်သွားလေသည်။ထိုစဉ် အိမ်ထဲသို့ လှမ်းကြည့်လိုက်သည့် ဝေထူး၏ အမြင်အာရုံထဲဝင်ရောက်လာသည်က ရင်ငြိမ်းတို့ အိမ်ထဲတွင် ရပ်ထားသည့် ကားအနက်ကြီး ထိုကားကြီးက ရင်ငြိမ်းတို့အိမ်ထဲ ဘာလို့လာရပ်ထားရသလဲ တွေးနေစဉ် ရင်ငြိမ်းသည်လဲ စာအုပ်ထုတ်များအားကိုင်ကာ ကားကြီးအား ရပ်ကြည့်နေလေသည်။

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now