"အစ်ကိုလေး"
"အေး သော်ခန့် ငါစုံစမ်းခိုင်းထားတဲ့ကိစ္စ"'ဟွန်း အခုမှမေးဖော်ရတယ် ခုနတုန်းကတော့ ဟိုအပုလေးအကြောင်းပဲ မေးနေပြီးတော့ ဘာမှန်းကိုမသိဘူး'
သော်ခန့် မိမိအစ်ကိုလေးအား စိတ်ထဲမှ အမျိုးစုံဝေဖန်နေပါလိုက်တော့သည်။မေးနေသည်ကို ဘာမှမဖြေပဲ မဲ့ရွဲနေသော သော်ခန့်အားကာယံမိုး စိတ်မရှည်တော့သဖြင့် စားပွဲအား ဒုန်းကနဲမြည်အောင်ထုချပစ်လိုက်တော့သည်။ထိုတော့မှ သကောင့်သားလေးက ပြူးပြူးပြာပြာနှင့် ဟီးကနဲလာရယ်ပြနေလေရဲ့။
"သော်ခန့်!!!!"
"ခင်ဗျာ"
"ငါမေးတာဖြေ အူကြောင်ကြောင်လုပ်မနေနဲ့ ထုထည့်လိုက်မယ်"
"ဟွန်း ရော့ ဒီမှာ Stick ကိုယ့်ဘာသာဖွင့်ကြည့်လိုက် ဘာမှန်းလဲမသိဘူး လူကို ခိုင်းစရာရှိရင်တော့ သော်ခန့် သော်ခန့်နဲ့ မလိုပြီဆို အော်ငေါက်နေတာပဲ အစ်ကိုလေးကို စိတ်ဆိုးလာပြီဗျ ဒီနေ့လည် ခဏနားမယ် ခွင့်ပြုပါဉီး"စတစ်အား စားပွဲပေါ်တင်ပေးကာ တစ်ခွန်းမကျန်ကတ်ကတ်လန်အောင်ပြောကာ ကော့ကော့နှင့်ထွက်သွားသူအား ကာယံမိုးမှာ ပါးစပ်အဟောင်းသားလေးနဲ့သာ ငေးရင်းကျန်ခဲ့ရလေတော့သည်။
'သူကဆရာလား ငါကသူဆရာလား မသဲကွဲဘူး သော်ခန့် သော်ခန့် အားကိုရှိလာလို့ ငါ့ကိုလာအော်နေတာ ခွေးကောင်လေး'အစ်ကိုလေးအား ပြောချင်ရာပြောကာ ထွက်လာပြီးကာမှ လူကကြောက်လန့်နေလေတော့သည်။
တစ်ကယ်တော့ သော်ခန့်က စိတ်မရှည်တတ်သည့် ခပ်စွာစွာကောင်လေးတစ်ယောက်ပင်။သူ့စိတ်ထဲမထင်ရင် မထင်သလို ဒိုးဒေါက်နှင့်ပြောချပစ်လိုက်သည့်သူတစ်ယောက်မို့ အပြောအဆိုကို မနည်းဆင်ခြင်နေရသည် သို့ပါသော်လည်း ဒီနေ့တော့ ဆရာသမားအား အော်ငေါက်ပစ်ခဲ့လိုက်လေတော့သည်။ဒေါသအိုးကြီးအကြောင်း ပြန်တွေးမိတော့ လူက ဒူးတွေပင်တုန်လာရလေသည်။
'အမလေးး ရင်တွေတုန်းလိုက်တာ'ပိုင်စိုးသူအား အစ်ကိုလေးက ခေါ်ထားသဖြင့် နယ်ရုံးခွဲကနေ အမြန်ပြန်လာခဲ့ရသည်။ပိုင်စိုး ကုမ္မဏီအရှေ့ရောက်ချိန် ပြေးထွက်လာသည့် ကောင်လေးကြောင့် ခြေလှမ်းတို့အား ခပ်သွက်သွက်လှမ်းကာ ထိုကောင်လေးအနားသို့ လျှောက်လှမ်းလာခဲ့လေသည်။
တစ်ယောက်ထဲခေါင်းညိမ့်ခေါင်းခါလုပ်နေသည့် ကောင်လေးက ကိုယ့်ကိုယ်မြင်သြည့်ပုံမပေါ်ပေ။
YOU ARE READING
မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်း
Romanceစေတနာတွေပို အကြင်နာတွေယိုဖိတ် အချစ်တွေပုံအောပေးခဲ့မိတဲ့ နောက်ဆုံးတော့... . စတေနာတှပေို အကြင်နာတွေယိုဖိတ် အချစ်တွေပုံအောပေးခဲ့မိတဲ့ နောက်ဆုံးတော့...