အနက်ရောင်ကား၃စီးတန်းလျှက် မောင်းနှင်လာသော ကားတန်းလေးသည် လူချမ်းသာများနေထိုင်သောရပ်ကွက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ထို့နောက် မြင့်မားသောခြံစည်းရိုးနှင့် ဝန်းရံထားသော ကျယ်ဝန်းသောခြံကြီးအတွင်းသို့ ဝင်ရောက်ကာ အထပ်မြင့်တိုက်ကြီး၏ စင်ဝင်ရှေ့၌ အသီးသီးရပ်တန့်သွားကြလေသည်။
အစ်ကိုနှင့်သူ့ညီဆိုသည့်တစ်ယောက်က အရှေ့ကားတစ်စီး၌ဖြစ်ကာ အလယ်တစ်စီးတွင် ရင်ငြိမ်း ထူးထူးနှင့် ကားမောင်းသည့် အစ်ကိုလိုက်ပါလာပြီး နောက်တစ်စီးတွင်တော့ မည်သူတွေပါသည်ကို ရင်ငြိမ်းမသိပေ။
အစ်ကို့အား တွေ့ရ၍ ပျော်ရသည် သို့ပါသော်လည်း စိုးရိမ်စိတ်တို့ကြောင့် ဝေထူးထံသို့ ဖုန်းဆက်ကာ လိုက်လာရန်ပြောထားရသည်။လိပ်စာကိုတော့ အရှေ့က ကားမောင်းသည့် အစ်ကိုအားမေး၍ ဝေထူးအားပြောပြထားလိုက်သည်။ဝေထူးလည်း လိုက်လာမည်ဟုဆိုသည်ကြောင့် ရင်ငြိမ်းသိပ်မစိုးရိမ်မိပေ။"ဆင်းလို့ရပါပြီ ညီလေးတို့ အိမ်ထဲဝင်ကြပါဗျ"
"ဗျာ ဟုတ် ဟုတ်ကဲ့"အိမ်ကြီးထဲသို့လှမ်းဝင်လိုက်သည်နှင့် ခေတ်မှီအသုံးအဆောင်များနှင့်ရှေးဟောင်းအသုံးအဆောင်များအာ ရောယှက်ကာ တည်ဆောက်ထားသော အိမ်အပြင်အဆင်၏ဆန်းသစ်မှုတို့အား ရင်ငြိမ်းငေးကြည့်မိသည်။
မိမိချစ်ရသူသည် ဤမျှလောက် ချမ်းသာကြွယ်ဝပါသလားဟုလည်းတွေးမိသလို မိမိကိုယ်ကိုလည်း ပြန်လည်သိမ်ငယ်မိစေသည်။
ဆင်းဆင်းရဲရဲမဟုတ်သည့်တိုင် အနေအစားဆင်းရဲလှသည့် မိမိအိမ်တွင် နေခဲ့သည့် အစ်ကို့အား ရင်ငြိမ်းအားနာလှပါသည်။
ရင်ငြိမ်းမည်မျှငေးမောနေမိသည်မသိ လက်မောင်းတစ်ဖက်အား လာထိသော အထိအတွေ့တို့ကြောင့် ဘေးဘက်ကိုအသာလေး ငဲ့စောင်းကြည့်မိသည်။ထူးထူးလေလးသည် ယခုအခြေအနေအား ကြောက်နေသည်ထင်ပါရဲ့ လက်လေးတွေပင်အေးစက်လို့နေပေသည်။
ထူးထူးအား ပြန်လည်ပြုံးပြလိုက်တော့ ထူးထူးသည် ရင်ငြိမ်းနားလေးကပ်ကာ ခပ်တိုးတိုးစကားဆိုလည်လေသည်။"ဆရာလေး ကိုကြီးကံကောင်းက ရုပ်လဲချော ချမ်းကလည်းချမ်းသာချက်နော် ငါဖြင့် ကြောက်တောင် ကြောက်လာပြီနော်ဝေ "
"မကြောက်ပါနဲ့ထူးထူးရဲ့ ဆရာလေးရှိပါတယ်ကွနော်"
"ဟုတ်"
YOU ARE READING
မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်း
Romanceစေတနာတွေပို အကြင်နာတွေယိုဖိတ် အချစ်တွေပုံအောပေးခဲ့မိတဲ့ နောက်ဆုံးတော့... . စတေနာတှပေို အကြင်နာတွေယိုဖိတ် အချစ်တွေပုံအောပေးခဲ့မိတဲ့ နောက်ဆုံးတော့...