Part 20{Z/U}

1.2K 80 10
                                    

ဆိုင်ကယ်ကိုယ်စီဖြင့် ဇလွန်ပြည်တော်ပြန် မြန်အောင်မြင်ဘုရားကြီးထံသို့ ရင်ငြိမ်းတို့ ထွက်လာခဲ့ကြသည်။
တစ်ခါမှမရောက်ဖူးသည့် အစ်ကိုကတော့ လမ်းတစ်လျှောက်တွေ့သမျြှမင်သမျှအရာရာတိုင်းကို တစ်ဝိုးဝိုးတစ်ဝါးဝါးနှင့်သဘောကျလို့နေလေတော့သည်။
လမ်းဘေးတစ်လျှောက် ပွင့်နေကြသော ချယ်ရီပင်တို့အား အံ့သြတစ်ကြီး ငေးမောကာလိုက်ပါလာသည့်အစ်ကိုက အပြန်ကျရင် ချယ်ရီပန်းခူးမည်ဟုလည်း မမောတမ်းပြောနေပါသေးသည်။

ဇလွန်းလမ်းမကြီး၏ လမ်းဘေးတစ်လျှောက် ချယ်ရီပင်တို့က ဝေဆာနေအောင်ပွင့်ကြသလို ထိုအပင်များအောက်၌ တဲလေးတွေထိုးကာ ဇလွန်မရွေး (ကြာဇံမရွေး)သည်တို့သည်လည်း လမ်းတစ်လျှောက် အစီအရီရှိနေကြပြန်လေသည်။

ဆောင်းလေအေးအေးက တစ်ဖြူးဖြူးတိုက်ခတ်ကာ အေးချမ်းသောနံနက်ခင်း၌ ဆိုင်ကယ်မောင်းရသည်က လွယ်တော့မလွယ်ကူလှပါပေ။သို့ပါသော်လည်း နွေးထွေးသောရင်ခွင်ကျယ်ကြီးထဲရောက်နေသော မိမိကျောပြင်လေးကတော့ နွေးထွေးဆဲ၊သိုင်းဖက်ထားသည့် လက်ဖဝါးကြီးများကြောင့် ချမ်းအေးမှုတို့အား အံ့တုရန် အင်အားတို့က အသွေးအသားထဲစီးဆင်းလို့၊အပြင်လေအေးတို့အတိုးခံနေရသော လည်တိုင်လေးသည်လည်း အနောက်ကသိုင်းဖက်ထားသူကြီးရဲ့ အသက်ရှူငွေ့နွေးနွေးတို့အား မယှဉ်ပြိုင်နိုင်တော့ပေ။
ထို့ကြောင့် ဆောင်းနံနက်ခင်း ဆိုင်ကယ်မောင်းရသည့်ရင်ငြိမ်းအတွက်တော့ အေးတယ်ချမ်းတယ်ဆိုတာ ဘယ်မလဲဟုလိုက်မေးရမလိုပင်။
ချစ်ရသည့် အစ်ကိုနှင့်သာဆိုလျှင် ရေခဲတောင်ပင်တက်ရတက်ရ ရင်ငြိမ်းတို့က မမှုပါလေ။

ထို့နောက် ဇလွန်ပြည်တော်ပြန်ဘုရားကြီးသို့ ရောက်ရှိလာခဲ့ကြတော့သည်။ရွှေရောင်တစ်ဖိတ်ဖိတ်တောက်ပနေသော ဘုရားကြီးအား မြင်တွေ့လိုက်ရသည်နှင့် အားလုံး၏ရင်ထဲ၌ အေးချမ်းမှုတို့ကို ခံစားကြရလေသည်။ဆိုင်ကယ်အပ်ရန်ဌာန၌ မိမိတို့၏ဆိုင်ကယ်များအား အပ်ထားခဲ့ကာ ဘုရားဝန်းအတွင်းသို့ လှမ်းဝင်လာခဲ့ကြတော့သည်။

နတ်လမ်းတစ်လျှောက် နားနေဆောင်များတွင် ဘုရားဖူးလာကြသူများအများအပြားရှိကြလေသည်။ဒါတောင်ပွဲတော်ရက်တွေမဟုတ်လိုသာ ပွဲတော်ရက်တွေများဆို တိုးမရအောင်စည်ကားလေသည်။

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now