Part 39 {Z/U}

1.1K 70 10
                                    

ရုတ်တစ်ရက်ဆွဲခေါ်လာသော အပုလေးကြောင့် ကာယံ ထိုကောင်လေးနောက်လိုက်လာခဲ့ရသည်။တည်တင်းနေသော မျက်နှာထားနှင့် ကောင်လေးက အတော်ကို ဒေါသထွက်နေသည့်ပုံပင် ကာယံလဲ ဘာမှအထွန့်မတက်ပဲသူခေါ်ရာ နောက်သို့ အသာတစ်ကြည်လိုက်လာခဲ့မိသည်။

ထိုလူ ကာယံမိုး အဲ့ဒီလူမျက်နှာကိုမြင်လိုက်ရချိန် ဝေထူးရင်ထဲက ဒေါသစိတ်တို့က ထိန်းမရတော့အောင် တစ်လိပ်လိပ်ထွက်လာတော့သည်။ထို့ကြောင့် အဲ့ဒီလူရဲ့လက်ကိုဆွဲကာ ခြံပြင်ဘက်သို့ ခေါ်ထုတ်လာခဲ့မိသည်။

"ဒီမှာ ခင်ဗျားတို့ ဘာလာလုပ်ကြတာလဲ"
"မင်းမြတ်က ဟိုကောင်လေးဆီလာလို့ ကိုယ်လိုက်လာတာ ကိုယ်ဘာမှမသိပါဘူး အပုလေးရယ် သူခေါ်လို့ ကိုယ်က လိုက်လာရတာပါကွာ"
(တောင်းပန်ပါတယ် အစ်ကိုရေ ငါမင်းကိုပဲ လွှဲချပါရစေကွာ)

"ဟမ့် ခင်ဗျားကလူလိမ် ခင်ဗျားအစ်ကိုက လူယုတ်မာ အကျင့်တစ်စက်မှမကောင်းတဲ့သူတွေ ဘာလဲ ပြောခဲ့ချိန်တုန်းကတော့ ခင်ဗျားတို့ အငြိမ်းကို ကျွန်တစ်ယောက်လိုပြောပြီး ခွေးတစ်ကောင်လို မောင်းထုတ်ပစ်ခဲ့ကြတာလေ အခုမှ ဘာစောက်ဇယားလာရှုပ်တာလဲ ဘာတွေများထပ်ပြီး ယုတ်မာပြဉီးမလို့လဲ ဟမ်"
"မဟုတ်ပါဘူးကွာ ကိုယ်တို့မှာလဲ ရှင်းရမယ့် ပြဿနာတွေရှိနေလို့ပါကွာ မင်းမြတ်ကလေ ရင်ငြိမ်းအေးအပေါ် တစ်ကယ်ပဲ မေတ္တာရှိတာပါကွာ'
"အဟက် မေတ္တာရှိလို့ အိမ်ပေါ်ကမောင်းထုတ်ပြီး ငွေနဲ့ပစ်ပေါက်ခဲ့တာလား  ဒီမှာ ခင်ဗျားသိအောင်ပြောပြလိုက်မယ် ရင်ငြိမ်းအေးဆိုတာလေ ဒီရွာရဲ့ အသဲကျော် အဖိုးတန်ကျောင်းဆရာလေး ငွေလား မရှားဘူးဗျ မရှားဘူး နောက်တစ်ခု ထပ်သိထားဖို့က ၇ျုပ်အဖေက ဒီမေရီလန်းရဲ့ မျက်နှာဖုံး နားလည်လား ခင်ဗျားတို့လောက် ပိုင်ဆိုင်မှုမများပေမယ့် လက်ညိုးထိုးမလွဲတဲ့လယ်တွေ ခြံတွေပိုင်ထားတာဗျ သိလား ဟမ့်"

ကာယံ မိမိရှေ့က အပုလေးအပြောကြောင့် စိတ်ထဲရယ်ချင်သွားသည်။စိတ်ဆိုးနေတာလား သူချမ်းသာကြောင်းလာကြွားနေတာလား မသဲကွဲ ခေါင်းလေးမော့ကာ မော့ကာနဲ့ ပြောနေပုံလေးက ငယ်ငယ်က ကျောင်းမှာ အကြွားပြိုင်နေတဲ့ ကလေးငယ်လေးကဲ့သို့ပင် အူယားစရာ ကောင်းလွန်းလှသည်။
"အဟွန်း"
"ဘာလဲ ဘာလဲ ဘာရယ်တာလဲ"
"မရယ်ပါဘူး"
"ဘာ လူလိမ် အဟွန်း အဟွန်းလို့ လုပ်တယါလေ အဲ့တာရယ်တာမဟုတ်လို့ ဘာလဲ ခင်ဗျား"
"အာ"
"ဟမ့်"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now