Part 40 {Z/U}

1.1K 62 4
                                    

ယနေ့မနက် ရွာထဲက မင်္ဂလာဆောင်မှာ အလုပ်ကူလုပ်ရန် ရင်ငြိမ်းနှင့်ဝေထူး အတူထွက်လာကြသည်။တောရွာတွေမှာက မင်္ဂလာဆောင်ရင် တစ်ရွာလုံးက ဝိုင်းဝန်းကူညီကာ ညဘက်တွင်လည်း လူငယ်တွေစုကာ ပျော်ပွဲချက်စားကြလေ့ရှိသည်။

ရွာလမ်းလေးအတိုင်း နှစ်ယောက်သား မင်္ဂလာဆောင်အိမ်သို့ တစ်ဖြည်းဖြည်းလမ်းလျှောက်ရင်း စကားတွေလဲပြောရင်းဖြင့် ပေါ့...

"အငြိမ်း"
"ဟင်"
"ဟိုလူတွေကိစ္စ မင်းဘယ်လိုလုပ်မလဲ"
"ဘယ်လူတွေတုန်း"
"ဟိုလူ နှစ်ယောက်လေ သူတို့က အခု ထူးထူးတို့အိမ်မှာ နေကြတာလေ အနန့်ကလဲ ဘာလို့များ အဲ့ဒီစိတ်ပုတ်တဲ့သူတွေကို အိမ်ပေါ်တင်ကြွေးထားလဲမသိပါဘူးနော်''
''အင်း ဝေထူး ဒါနဲ့လေ ငါမေးမယ်ဆိုပြီးမေ့နေတာ အခုသတိရတုန်းလေး မေးဉီးမယ်"
"အင်းမေးလေ"
"မင်းနဲ့ အစ်ကို့ညီဆိုတဲ့သူနဲ့က သိနေကြတာလား"
"ဟွန့်"

ထိုလူ့အကြောင်းပြောပြခါနီး ဝေထူး နှာတစ်ချက်မှုတ်ကာ ရင်ငြိမ်းအား အကြောင်းစုံပြောပြလေတော့သည်။

"သိတာမှ သိပ်သိသပါ့ ငါ့အလုပ်ကသူဌေးဆိုတာ အဲ့လူပေါ့ "
"အော်"
"ပြီးတော့လေ ငါက မင်းလူကြီးကို ကူရှာပေးဖို့ပြောတုန်းကလေ မင်းလူကြီးကို သူက မသိပါဘူး မသိပါဘူး ဆိုပြီး ငါ့ကိုလိမ်သွားတာလေ ဟောကြည့် အခုတော့ ဒင်းတို့က ညီအစ်ကိုတွေပါတဲ့လေ လူလိမ်ကောင်တွေပါဆို ကြည့်လို့ကို မရဘူး အငြိမ်း မင်းနော် မင်းလူကြီးကို လွယ်လွယ် ခွင့်မလွှတ်နဲ့နော်သိလား မှတ်လောက်သားလောက်အောင် ချေမိုးပစ်"
"အင်းပါ ငါသိပါတယ် ပြီးတော့ သူက ငါ့လူကြီးမဟုတ်ပါဘူးနော်''
"ဟမ့် မင်းလူမဟုတ်လို့ ဘယ်သူ့လူလဲ ငါ့လူလား''
"မင်းကလည်း ဘယ်သူ့လူမှမဟုတ်ဘူးကွာ လာလာ မင်္ဂလာဆောင်အိမ်ထဲဝင်ရအောင် မြန်မြန်လာပါဆို"
"အေးပါဟ မင်းကလည်း"

ရင်ငြိမ်းနှင့်ဝေထူးလည်း မင်္ဂလာဆောင်အိမ်၌ အလုပ်များကူညီလုပ်ကိုင်ပေးနေကြရင်း ရွာထဲက အစ်မကြီးများနှင့်လည်း စကားတွေပြောကာ စနောက်နေကြလေသည်။

"အေး ငါမေးမလို့ဝေ့ အငြိမ်း"
"အေး မေးလေ အနန့်အိ"

အုပ်ချုပ်ရေးမှုး၏ သမီးဖြစ်သူ အနန့်အိသူဇာက ရင်ငြိမ်းနင့်အတူ ငါးပြုတ်နွှင်ရင်း ရင်ငြိမ်းအား မေးစရာရှိသည်ဟုဆိုကာ စကားအစချီလိုက်သည်နှင့် ရင်ငြိမ်းကလည်း ခေါင်းညိမ့်ကာ အနန့်အားမေးပါဟု ဆိုလိုက်သည်နှင့် အနန့်အိသည်လည်း သူမသိချင်သည့်အရာများအား စတင်မေးမြန်းလေတော့သည်။အနားရှိ အခြား အစ်မများကလည်း စိတ်ဝင်တစ်စားနားထောင်နေကြလေသည်။

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now