02.

1K 132 28
                                    

"ကဲ ဒီတခေါက် လပတ်စာမေးပွဲမှာလည်း ပထမရတဲ့သူက Hoseokပါပဲ ... Hoseokကို ဂုဏ်ပြုပေးလိုက်ကြပါဦး"

'ဖြောင်း ဖြောင်း'

ဆရာမအပါအဝင် တစ်တန်းလုံး Hoseok အတွက် လက်ခုပ်တီးပေးကြသည်။ Hoseok နေရာမှထ,ကာ အတန်းပိုင်ဆရာမဆီက အမှတ်စာရင်းစာရွက်ကို သွားယူတော့ ဆရာမက

"တော်တယ် သား ဆက်ကြိုးစား"

"ဟုတ်ကဲ့ပါဆရာမ"

"Yoonjoon က ဒုတိယရတယ်  ... သားလည်း တော်တယ် ဆက်ကြိုးစား"

ဆရာမလက်ထဲက စာရွက်ကို မကျေမနပ်ဆွဲယူလိုက်တဲ့ Yoonjoonဆိုတဲ့ ကျောင်းသား ... သူ့နေရာမှာပြန်ထိုင်ရင်း စာရွက်ကို ဒေါသတကြီးစိုက်ကြည့်နေခဲ့သည် ။

Hoseokရောက်မလာခင် အထိ ဒီကျောင်းမှာ အမြဲပထမက သူ ... စာလည်းတော်သလို ဒယ်ဂူမြို့တော်ဝန်ရဲ့သားဖြစ်တဲ့အတွက် အရှိန်အဝါလည်းရှိသူ ... သူ့ကိုယှဥ်နိုင်တဲ့သူတယောက်မှ မရှိခဲ့ ။ Hoseok ရောက်မလာခင်အထိပေါ့ ။

Yoonjoon ဘယ်လောက်ပဲကြိုးစားကြိုးစား အမြဲပထမနေရာကို ယူယူသွားတဲ့ Hoseokကြောင့် အမှတ်စာရင်းတွေထွက်တဲ့ရက်ဆို Yoonjoonအိမ်မပြန်ရဲ ။ ဖခင်ဖြစ်သူရဲ့ ပြင်းထန်တဲ့ ဆူပူရိုက်နှက်မှုကို မခံနိုင်၍ဖြစ်သည် ။

"Yoonjoon ... မင်းရဲ့အမှတ်စာရင်း ငါ့ကိုပြ"

Yoonjoon အိမ်ထဲဝင်လာချင်းချင်း မိန့်မိန့်ကြီးထိုင်နေတဲ့ ဖခင်ဖြစ်သူရဲ့အသံကိုကြားလိုက်ရလေလျှင် တစ်ကိုယ်လုံး အေးစက်ပြီး တဆတ်ဆတ်တုန်လာသည် ။

"ဒုတိယ ရပြန်ပြီလား ... သူများနောက်မှာ နေရတာကို မင်းသိပ်ကြိုက်တယ်ပေါ့ ဟုတ်လား ။ မင်းဒီနေ့သေဖို့သာပြင်"

ခါးပတ်ကိုဆွဲချွတ်နေတဲ့ အဖေ့လက်ကို ဆွဲကာ Yoonjoon တိုးလျှိုးတောင်းပန်မိပါတော့သည်။

"ဟင့် Appa မလုပ်ပါနဲ့ .... အ့ Appa ! "

'ဖြောင်း ... ဖြောင်း... ဖြောင်း'

"Appa သားမှားပါပြီ ... သားနောက်ဆို ပိုကြိုးစားပါ့မယ် အ့  .. အားးး"

"ဆင်ခြေတွေ ငါ့ကိုလာမပေးနဲ့။ မြို့တော်ဝန်ရဲ့သားဖြစ်နေပြီး သူများနောက်မှာနေရတဲ့ အရသာကို သိပ်ကြိုက်နေတဲ့ကောင်  .. ကဲဟာ"

Heartbeat Of Kiss (Completed)Where stories live. Discover now