12

602 75 12
                                    

Hoseok စာမေးပွဲကျတာနဲ့ ပတ်သတ်ပြီး သူ့ဦးလေးက သူ့ကို ဆူပူကြိမ်းမောင်းခြင်းမရှိသလို ဒေါသထွက်နေဟန်လည်းမပေါ်

မျက်မှောင်ကြုံ့ကာ အခန်းထဲက ကုလားထိုင်ခုံမှာ ထိုင်ပြီး ဘေးက စားပွဲခုံကို လက်ဖြင့် တတောက်တောက် ခေါက်နေသည်။
မေးစေ့ကို လည်းပွတ်လျက် တွေးတောနေဟန်

Hoseok လည်း သူ့ဦးလေးရှေ့မှာ လက်ယှက်၍ ခေါင်းငုံ့ကာသာ ငြိမ်ရပ်နေမိသည်။

ကြောက်ရွံ့၍တော့မဟုတ် ... စိုးရိမ်မိ၍သာ ..။

ဦးလေးတောင်သိပြီးပြီ ဆ်ိုတော့ သူစာမေးပွဲကျတဲ့ သတင်းက အနှေးနဲ့အမြန် သူ့မိဘတွေက တစ်ဆင့် သူ့အဖိုးဆီ ရောက်တော့မည်။

အဲ့အခါကျ သူ့ချစ်ရသူလေးနှင့် ဝေးရပေတော့မည်။

ဟင်း ....

သက်ပြချလိုက်သံက Hoseok ရဲ့ ဦးလေး Min Jae ဆီက။

Min Jae က Hoseok ကို မော့ကြည့်ကာ

"မင်းက အ​ကြောင်းမဲ့ သပ်သပ်တော့ ဒီလိုလုပ်မယ့်သူမဟုတ်ဘူးဆိုတာ ဦးလေးသိတယ် Hoseok ။"
"ဦးလေး မင်းဆီက အကြောင်းပြချက် တောင်းမနေတော့ပါဘူး။ ဖြစ်ပြီးသွားတဲ့ ကိစ္စက ပြန်ပြင်လို့မှမရတော့ပါ"
"ဒါပေမဲ့ Hoseok ... မင်းလုပ်ခဲ့တဲ့ ကိစ္စအတွက် တာဝန်ယူရတော့မယ်ဆိုတာ သိတယ်မလား"

Hoseok ခေါင်းအသာငြိမ့်ပြလိုက်သည်။

Min Jaeက ထကာ Hoseok ရဲ့ ပခုံးကို ပုတ်ပြီး

"လူငယ်ဆိုတာ ရွေးချယ်စရာတွေအများကြီးကြားမှာ အမှားတွေလည်းလုပ်မိကြတယ်။ ဒါပေမဲ့ ငါ့တူကတော့ အကြောင်းမဲ့ သပ်သပ် မှားမှာ မဟုတ်ဘူးဆိုတာတော့ ဦးလေး ယုံကြည်ပြီးသား "

သူ့အပေါ်ကို နားလည်မှုပေးပြီး ယုံကြည်မှုတွေပေးတဲ့ ဦးလေးကို Hoseok မျက်ရည်ကြည်တို့ ဝိုင်းဖွဲ့ကာသာ မော့ကြည့်မိသည်။

"မင်းနဲ့ Yoongi ရဲ့ဆက်ဆံရေးကိုလည်း ဦးလေး ရိပ်စားမိပါတယ်။ Hoseok ... မင်းက အသက်ငယ်ပေမဲ့ ရင့်ကျက်တဲ့သူ တစ်ယောက်မို့ ဦးလေးက မတားလိုပါဘူး။ ဒါပေမဲ့ တချို့ကိစ္စတွေက အချိန်ပေးရမယ်"

"ကျွန်တော် နားလည်ပါတယ် ဦးလေး။ ဒီတစ်ရက် နှစ်ရက်တော့ အချိန်ပေးပါ။ Yoongi ကို သေချာနှုတ်ဆက်ချင်သေးလို့"

Heartbeat Of Kiss (Completed)Where stories live. Discover now