22 (final)

929 52 15
                                    

"မင်္ဂလာပါ Yoongi Shi .. မင်္ဂလာပါ Yoonjoon Shi"

"မင်္ဂလာပါ ခင်ဗျ" × 2

Yoonjoon ရင်းနှီးမြှုပ်နှံလိုက်တဲ့ Yoongiရဲ့ Projectက အောင်မြင်သွားပြီး ထုတ်လုပ်မှုမှာ ရောင်းအားအကောင်းဆုံး နံပါတ်တစ်နေရာ ချိတ်ဆွဲခဲ့တာကြောင့်

အခုလို Business ပိုင်းဆိုင်ရာ ရုပ်သံလိုင်းတစ်ခုက ဖိတ်ကြားတဲ့ Interview ကို သူတို့အတူ တက်ရောက်ရခြင်း ။

"Yoongi အနေနဲ့ အခုတာဝန်ယူထားတဲ့ ထုတ်လုပ်မှုက အောင်မြင်လာပြိီး လူငယ် စီးပွားရေးရှင်တွေ ကြားမှာ နာမည်ရလာတာနဲ့ ပတ်သတ်လို့ ဘယ်လိုထင်ပါသလဲရှင်။ ဧကန္တ တခြားသူတွေပြောနေကြသလို Jungလုပ်ငန်းစုက နောက်ကွယ်က ထောက်ပံ့နေတာများလား"

Yoongi မဖြေခင် Yoonjoon က တစ်ချယ်ရယ်ပြီး ကြားဖြတ်ပြောသည်။

"ဒီမှာခင်ဗျ ... ဒါကတော့ ကျွန်တော့်သိက္ခာကို ထိပါးသွားပြီ။ ကျွန်တော့် ကုမ္ပဏီက ဘယ်သူနဲ့မှ မပတ်သတ်ဘဲ သီးခြားရပ်တည်နေတယ်ဆိုတာ အားလုံးအသိပါ။ ဒီတစ်ခေါက်ထုတ်လုပ်မှုမှာလည်း တာဝန်ခံက Yoongi ဖြစ်ပြီး ထုတ်လုပ်မှုနဲ့ပတ်သတ်သမျှက ကျွန်တော့်ရဲ့ Lee ကုမ္ပဏီနဲ့ပဲ သက်ဆိုင်ပါတယ်။ အခုလို ကျွန်တော်တို့ထုတ်ကုန် နာမည်ရလာတာက လည်း Yoongi ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ကုမ္ပဏီရဲ့ အရည်အသွေးမှီ ပစ္စည်းတွေနဲ့ ပဲ သက်ဆိုင်ပါတယ်။ ကျေးဇူးပြုပြီး စကားပြော ဆင်ခြင်ပေးကြပါ ခင်ဗျ"

အင်တာဗျူးမေးတဲ့သူက တောင်းပန်စကားဆိုပြီး ဆက်မေးသည်။ အဆုံးသတ်ခါစကားအနေနဲ့
Yoonjoonက ကင်မရာကို တည့်ကြည့်ကာ

"လူတစ်ယောက် အောင်မြင်ဖို့အတွက် လျှောက်လှမ်းရတဲ့ လမ်းက တကယ်မလွယ်ကူပါဘူး။ ဒါကို လျှောက်လှမ်းဖူးတဲ့သူတိုင်း သိကြမှာပါ။ ရိုးရိုးသားသားနဲ့ အောင်မြင်လာတဲ့လူတစ်ယောက်လို မနာလိုစိတ်နဲ့ အပုပ်ချဖို့ ကြိုးစားနေမဲ့ အစား ကိုယ်ကိုတိုင် လက်ရှိအဆင့်က တစ်ဆင့်တက်နိုင်ဖို့ပဲ ကြိုးစားလိုက်ပါ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

အင်တာဗျူး အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့တယ်။ ပြန်ဖို့ပြင်နေတဲ့ Yoonjoon နောက် Yoongi လိုက်ရင်း

Heartbeat Of Kiss (Completed)Where stories live. Discover now